Murder 3 (2013)


Rating : 4.9/10
Country : India 
Genre : Drama, Mystery, Thriller 
Cast :   Randeep Hooda, Aditi Rao Hydari, Sara Loren
Released Date : 2013
Duration :  2h 4min 

အညွှန်း

ဗစ်ကရန် ဆိုတဲ့ နာမည်ကြီး ဓာတ်ပုံဆရာတစ်ဦးဟာ ရော်ရှနီ ဆိုတဲ့ သူ့ကောင်မလေးမှ သူ့ကို လမ်းခွဲစကားကို

ဗွီဒီယိုရိုက်ပြီး ပြောကာ ထွက်သွားလို့ အသည်းကွဲ အရက်သမားကြီးလုံးလုံးဖြစ်နေတဲ့သူပါ။နေ့တိုင်း ညတိုင်း

မူးရူးနေတဲ့ ဗစ်ကရန် ကို နီရှာ လို့ ခေါ်တဲ့ စားသောက်ဆိုင်က ဝန်ထမ်းကောင်မလေးမှ သတိထားမိလာပါတယ်။


တစ်နေ့ ဗစ်ကရန် မူးပြီး ကားမမောင်းနိုင်ချိန် နီရှာ က အိမ်လိုက်ပို့ပေးဖို့ ကားမောင်းပေးပေမယ့်

ဗစ်ကရန် က အိမ်လိပ်စာမပြောသဖြင့် နီရှာ က သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။


အဲ့လိုနဲ့ နီရှာ နဲ့ ဗစ်ကရန်

ရင်းနှီးသွားကြပြီး အသည်းကွဲသမားကြီး ဗစ်ကရန်ရဲ့ အသည်းဟာ တဖြည်ဖြည်းပြန်ဆက်လာပါတော့တယ်။

ချစ်သူတွေဖြစ်သွားပြီးတဲ့နောက် နီရှာ ကို ဗစ်ကရန်က သူ နေထိုင်တဲ့ မြို့ရဲ့ဝေးက ဗြိတိသျှလက်ကျန် ခေတ်ဟောင်း စံအိမ်တော်ကြီးဆီကို

ခေါ်လာခဲ့ပါတယ်။နီရှာ ထိုစံအိမ်ကြီးကို ရောက်လာပြီးနောက်ပိုင်း ထူးဆန်းတဲ့အသံတွေ ခဏခဏ ကြားရပါတော့တယ်။

ထိုထူးဆန်းတဲ့အသံတွေက ဘာတွေဖြစ်မလဲ လမ်းခွဲစကားပြောပြီးထွက်သွားတဲ့ ရော်ရှနီ ဆိုတဲ့ကောင်မလေးက

တကယ်ရော ထွက်သွားတာ ဟုတ်ရဲ့လား ရော်ရှနီ တကယ်တမ်း ဘာဖြစ်ခဲ့တာလဲဆိုတာဒီကားမှာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။

 

0 comments:

Post a Comment