ဟိမဝန္တာသစ္စာ”လို့ နာမည်ပေးရမလားပဲဗျာ။2019 ရဲ့ အစဒီလိုအခါသမယမှာပဲအိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေထဲကနေရင်ထဲကို တိုးဝှေ ့ တိုက်ခတ်သွားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။. . .ဟုတ်ပါတယ်။အသစ်စက်စက် ထွက်ရှိလာတဲ့ Mehboora ဆိုတဲ့ အချစ်အက်ရှင် ဇာတ်ကားလေးပါ။
ပါဝင်တဲ့ မင်းသားမင်းသမီးတွေကအသစ်စက်စက်လေးတွေဆိုပေမယ့်သူတို့ရဲ့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်သွားပုံက ရင်ကိုထိမှန်စေတဲ့ အားထုတ်မှုပါပဲ။ဒီကားမှာလေးဟာစစ်ရေးနဲ့ဘာသာရေးကို အဓိကထားပြီး အချစ်ရေးနဲ့ ရောသမကာ အကောင်းမွန်ဆုံး ဖွဲ ့သီရိုက်ကူးထားတဲ့ ကားကောင်းလေး တစ်ကားပေါ့ ခင်ဗျာ။” ဇာတ်လမ်းအညွှန်း “ရိုရှန်းဆိုတဲ့ ကောင်လေးဟာညစဉ်အိပ်မက်ဆိုးတွေ မက်တယ်။အိပ်မက်ထဲမှာ သူ အသတ်ခံရသတဲ့။ထူးခြားနေတယ်လို့ ပြောရမလား. . .သူဟာ တစ်ခြားသူတွေနဲ့ မတူပဲသွားပုံလာပုံ နေပုံထိုင်ပုံတွေကစစ်သားတစ်ယောက်လိုပဲ။စရိုက်ကလည်း မတရားတာမြင်ရင်လက်ပိုက်ကြည့်မနေနိုင်တဲ့ စရိုက်မျိုး။တစ်ကြိမ်မှာ အာဖရင်းကို လူဆိုးလူရမ်းကားတွေလက်ကနေ သူကယ်ခဲ့ဖူးသေးတယ်။တောင်တက်ရတာကို ဝါသနာပါတဲ့သူ့မှာဟိမဝန္တာတောင်ကို တက်ချင်တဲ့ အိပ်မက်လည်း ရှိတယ်။စစ်သားလည်း ဖြစ်ချင်တော့ကျောင်းပြီးတာနဲ့ တပ်ထဲကို ဝင်လျှောက်တယ်။ကပ္ပတိန်အဖြစ် ရာထူးခန့်အပ်ခံရပြီးတာဝန်ကျရာ ဒေသကို မသွားရခင်လေးမှာ သူငယ်စဉ်က မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုဖြည့်ဆည်းဖို့ ဟိမဝန္တာတောင်ကို တက်ဖို့ကြိုးစားတော့တာပဲ။သူ ့အိပ်မက်ထဲမှာ ဟိမဝန္တက လူတစ်ယောက်ကိုပေးထားတဲ့ ကတိအကြောင်း ပါနေတာကိုး။အဲ့ဒီတစ်စုံတစ်ယောက်ကိုပေးခဲ့တဲ့ ကတိက “ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ငါအရောက်ပြန်လာခဲ့မယ်”တဲ့။ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ နှင်းတွေကြားထဲကနေ ဟိမဝန္တာတောင်ကို တက်ခဲ့ကြတယ်။အဲ့ဒီမှာ မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာ တစ်ခုတွေ့မြင်လိုက်ရပါတော့တယ်။1971 ခုနှစ် အိန္ဒိယ – ပါကစ္စတန် စစ်ပွဲကာလကိုအခြေခံထားတဲ့ သနားစရာ အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ထွက်လာဖို့ ဖြစ်လာခဲ့ပါတယ်။ဒီနှစ်နိုင်ငံနှစ်ခု သဘောထားကွဲလွဲပြီးဘာသာရေးကစလို့ မီးခိုးကြွက်လျှောက်ပြသနာတွေတန်းစီတက်ရာကနေစစ်မီးကြီး ဟုန်းဟုန်းတောက်ခဲ့တဲ့ ကာလတစ်ခုမှာပေါ့။
——————————-ပထမပိုင်းမှာ ဒီအကြောင်းကို ရိုက်ပြအပြီး ဒါရိုက်တာကစစ်ကြီးပြီးဆုံးသွားတဲ့ မျက်မှောက်ခေတ်ကို ရိုက်ပြပြန်တယ်။လောကကြီးထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်ပေါင်းများစွာရှိတဲ့ အနက်က. . .တချို့သော အကြောင်းအရာတွေကို အခြေခံပြီးဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းလေးကို အဆုံးထိကြည့်လိုက်ရင်တော့. . .ဒီဇာတ်လမ်းမှာ သနားစရာတွေ၊ဆို့နင့်ကြေကွဲစရာတွေ၊ဘာသာရေးနဲ့ ပက်သက်တဲ့မှားယွင်းတဲ့ အတွေးအခေါ်တွေ စတဲ့ အကြောင်းအရာများစွာကိုနားလည် ခံစားမိစေပါလိမ့်မယ်။

0 comments:
Post a Comment