Mard Ko Dard Nahin Hota (2018)


Rating : 7.4/10
Country : India 
Genre :   Action, Comedy 
Cast :  Abhimanyu Dasani, Radhika Madan, Mahesh Manjrekar 
Released Date : 2018
Duration :  2h 17min 

အညွှန်း

ယောက်ျား … မနာဘူးကွလို့ ပြောကြတယ်မဟုတ်လား အင်းဗျာ သူတို့ကို ဘာပြန်ပြောရမလဲ ?

မနာမကျင်ဘူးဆိုတာ စူပါပါဝါတော့မဟုတ်ဘူး

ရောဂါတစ်မျိုးပါ ။

ဘာကြောင့်လဲဆိုတော့ အဲ့ဒိရောဂါကို ကျွန်တော်ခံစားနေရလို့ပဲ 😊

ကျွန်တော့်နာမည်ဆူရီယားပါ ။

မွေးရာပါ ဝေဒနာကိုမခံစားနိုင်တဲ့ရောဂါဖြစ်နေတယ်ဗျ ။

ဦးနှောက်အာရုံကြောနဲ့ဆိုင်တဲ့ရောဂါပဲ၊ ရှားပါးရောဂါပေါ့

နောက်မှ ဂူးဂဲလ်မှာရှာကြည့်လိုက် ကလေးသေးသေးလေးဘဝကတည်းက တခြားကလေးတွေနဲ့မတူဘဲ ကျွန်တော်ဟာ နာကျင်မှုကိုဘာမှန်းမသိရတဲ့အတွက် အိပ်ရင်တောင် ခြေတွေ လက်တွေကြိုးတုပ် မျက်မှန်ကြီးတပ်ပေးထားကြတာဗျ ။

တခြားကလေးတွေဟာ သိသင့်သိထိုက်တာတွေကို သင်ကြားနေရတဲ့အချိန်မှာ ကျွန်တော်ကတော့ ထိခိုက်မှုတစ်ခုဖြစ်တိုင်း “အို့” လို့အသံထွက်ဖို့ကို လေ့ကျင့်နေရတယ် ..

ဘယ်နေရာကိုပဲထိခိုက်ထိခိုက် အို့လိုအော်ပြရတယ် ..

ဒါပေမဲ့ နာလို့တော့မဟုတ်ပါဘူး ။

အဲ့ဒိလိုထူးဆန်းတဲ့ကျွန်တော်ဟာ အဖိုးကျေးဇူးနဲ့ အက်ရှင်ကားတွေအများကြီးကြည့်ခွင့်ရပြီး နာမည်ကျော်ဖိုက်တာတစ်ယောက် ဖြစ်ချင်ခဲ့တယ် ..

လူတစ်ရာကို အနိုင်ဖိုက်တဲ့ကရာတေးသမားကြီးရဲ့ ဗီဒီယိုမှတ်တမ်းကိုကြည့်ပြီး တချိန်ကျရင် ကရာတေးဆရာကြီးဖြစ်ရမယ်လို့ ကြွေးကြော်ခဲ့ပါတယ် ..

အဲ့ဒိလိုနဲ့နှစ်တွေကြာလာတဲ့အခါ ကျွန်တော်ဖြစ်ချင်တဲ့ရည်မှန်းချက်အနောက်ကိုလိုက်ရင်း ဘယ်လောက်တွေကြမ်းပြမလဲဆိုတာ အားလုံးပဲဆက်ကြည့်လိုက်ကြပါတော့ … 

Bollywood ကားကောင်းတွေမျှော်နေတဲ့ပရိသတ်ကြီးအတွက်တော့ ဒီကားဟာ လက်လွတ်မခံသင့်တဲ့ကားကောင်းတစ်ကားပါပဲ 

ဟာသ/ အက်ရှင်ကားဖြစ်တဲ့အတွက်ကြောင့် မိသားစုနဲ့ပါ အေးအေးလူလူကြည့်လို့ရပါတယ် ..

ဒါပေမဲ့ ချာတိတ်တွေကိုတော့ ဒီကားပြပြီးရင် ဂရုစိုက်ပါနော် 

ဒီဇာတ်ကားထဲက ဆူရီယားလိုလိုက်လုပ်နေကြရင် ဒုက္ခရောက်ပါလိမ့်မယ် ..

ဘာလို့ဆို ကျွန်တော်တို့က ယောက်ျားပေမယ့် နာကျင်တတ်ကြလို့ပါ …. 

 

0 comments:

Post a Comment