ကာသစ်ဆိုတဲ့ကောင်လေးကတကယ့်ကိုစာမကြိုးစား ပေါ့ပေါ့ပါးပါးနဲ့ပျော်ပျော်နေတတ်တဲ့ကောင်လေးတစ်ယောက်ပါ
မိုးရေထဲကြားထဲမှာတွေ့ခဲ့ရတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့အပြီးမှာတော့မပြောင်းလဲနိုင်တဲ့အချစ်နဲ့စတင်ပြီးတော့ချစ်လာရမဲ့သူတစ်ယောက်ကိုတွေ့ရှိသွားပါတော့တယ်
Malli Raavaဆိုတာ နောက်တစ်ကြိမ်ပြန်လာနိုင်မလားဆိုတဲ့အဓိပ္ပာယ်လေးပါ
ဇာတ်လမ်းလေးကဟာသလေးတွေနှောထားတဲ့ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် သီချင်းဆိုခန်းတွေပါဝင်ပေမယ့် တမီလ်ကားဖြစ်တာကြောင့်ကခုန်ခန်းတွေတော့ပါဝင်ခြင်းမရှိပါဘူး
ဇာတ်လမ်းလေးကရှည်ရှည်ဝေးဝေးညွှန်းနေစရာမလိုလောက်အောင်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
ကလေးဘဝကတည်းကချစ်ခဲ့ရတဲ့သူတစ်ယောက်ကိုနောက်နှစ်တွေကြာတဲ့အထိမပြောင်းလဲပဲချစ်နိုင်တဲ့သူတို့နှစ်ယောက်အကြောင်း ချစ်တတ်သူတွေကြည့်ရင်တော့ မျက်ရည်မကျရင်တောင် မျက်ရည်တော့စို့မိမှာပါ
0 comments:
Post a Comment