Killerman (2019)



Rating : 5.4/10
Country : United State
Genre :  Action, Crime, Thriller 
Cast :  Liam Hemsworth, Emory Cohen, Diane Guerrero 
Released Date : 2019
Duration : 1h 52min 


အညွှန်း

ဒီကားလေးဟာ ဆယ်ကျော်သက်လူငယ်တွေရဲ့ ခံစားချက်တွေ အခက်အခဲတွေ နေ့စဉ်ဘဝမွန်းကြပ်မှုတွေ မျှော်လင့်ချက်တွေ စတဲ့စိတ်ခံစားမှုတွေကို ဇာတ်ကောင်တစ်ခုချင်းစီမှာ ထည့်သွင်းပြီး ပုံဖော်ထားတဲ့ လူငယ် drama ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ။မေရိကန်သရုပ်ဆောင်James franco ရေးထားတဲ့ဝတ္ထုတိုကို အခြေခံပြီးရုပ်ရှင်အဖြစ် သရုပ်ဖော်ထားတဲ့အပြင် palo alto မြို့ရဲ့အလှအပတွေကိုပါ ခံစားရစေမှာဖြစ်ပါတယ် ။ဒီဇာတ်လမ်းထဲမှာ တက်ဒီ( Teddy ) ဆိုတဲ့ ပန်းချီဆွဲတာ ဝါသနာပါပြီး ကောင်မလေးတစ်ယောက်ကို တစ်ဖတ်သက်ချစ်နေတဲ့ ကောင်လေး…..

ဒါမဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖစ်တဲ့ ဖရက် ( Fred ) ကတော့ ဒေါသကြီးတယ် ကောင်မလေးတွေနဲ့ ပွေမယ် ရန်စမယ် အဲ့လို ပုံစံမျိုး….သူတို့တွေရဲ့ အထက်တန်းကျောင်းသား ဘဝဟာ ထင် သလောက် ပျော်စရာကောင်းရဲ့လားဘယ်လို အဖြစ်အပျက်တွေကို ရင်ဆိုင်ရမလဲ…တက်ဒီ ( Teddy ) တစ်ဖတ်သတ်ချစ်နေတဲ့ ဧပရယ်( April ) ဆိုတဲ့ကောင်မလေးကတော့ အရှက်အကြောက်ကြီးတယ် ဘောလုံးကစားတယ်..သူရဲ့ နည်းပြက သူ့ကိုစိတ်ဝင်စားနေပြန်တယ် ။ဘယ်ကောလိပ်ဆက်တက်ရမလဲရွေးချယ်ဖို့ခက်နေတဲ့ ဧပရယ်( April ) တစ်ယောက် အရှုံးတွေနဲ့ရော ရင်ဆိုင်နိုင်ရဲ့လား…အတန်းထဲမှာ နာမည်ကြီး ရုပ်ချောပြီး တစ်ယောက်ထဲနေတတ်တဲ့ အမ်မလီ( Emily ) ရဲ့ ပါတီကို ရောက်သွားတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ….တစ်ခါမှမချစ်ဖူးတဲ့ အမ်မလီ ( Emily ) ကရော အချစ်ကိုတွေ့ခဲ့ရဲ့လားဆယ်ကျော်သက်ဘဝမှာ အချစ်နဲ့တွေ့တဲ့အခါ

ရွေးချယ်မှုတွေမှားမှန်းသိနေရက် ထပ်ခါထပ်ခါရွေးချယ်မိတဲ့ အခါ

မိသားစုနဲ့ ဆက်ဆံရေးမပြေလည်တဲ့အခါ

နွေးထွေးမှုတွေ ဆိတ်သုန်းသွားတဲ့အခါ

လူငယ်ဘဝဟာ ချိုမြိန်တဲ့တိုက်ပွဲတစ်ခုလား အဆုံးသတ်ဟာ ဘာဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဆက်ပြီးကြည့်ရှုကြပါ ။


 

0 comments:

Post a Comment