Greenland (2020)


 

Rating : 6.4/10
Country : United State
Genre : Action, Thriller
Cast : Gerard Butler, Morena Baccarin, Roger Dale Floyd 
Released Date : 2020
Duration : 1h 59min

အညွှန်း
ကလာခ့်လို့အမည်ပေးထားတဲ့ ကြယ်တံခွန်ကြီးတစ်ခုဟာ ကမ္ဘာနဲ့တဖြည်းဖြည်းနီးကပ်လာတယ်…နေ့ခင်းဘက်မှာတောင်မြင်နေရတဲ့ ဒီကြယ်တံခွန်ကြီးနဲ့ပတ်သက်ပြီး လူတွေအမျိုးမျိုးထင်နေကြတယ်…သိပ္ပံပညာရှင်အများစုဟာ ဒီကြယ်တံခွန်ကြီးနဲ့ပတ်သက်ပြီးလေ့လာတဲ့နေရာမှာ ကမ္ဘာဆီအနီးကပ်ဆုံးအနေအထားထိရောက်ရှိနိုင်ပြီး နေအပူချိန်ကြောင့် ပြိုကွဲသွားနိုင်ပါတယ်…အကျိုးဆက်အနေနဲ့ လမ်းကြောင်းပြောင်းတာမျိုးဖြစ်နိုင်သလို
ကမ္ဘာဆီကျသွားရင် သမုဒ္ဒရာထဲကျသွားတာမျိုးနဲ့ လေထုထဲမှာလောင်ကျွမ်းသွားတာမျိုးပဲဖြစ်မှာမို့စိတ်ပူစရာမလိုဘူးလို့ဆိုပါတယ်…ဒါတွေကြောင့်ပဲ လူတွေဟာ အရေးပေါ်ကာကွယ်မှုမျိုးတွေမလုပ်သလို ဒီကြယ်တံခွန်ကြီးကို လှလိုက်တာဆိုပြီးငေးမောနေတာတွေတောင်ရှိပါတယ်…သို့သော် သိပ္ပံပညာရှင်များရဲ့တွက်ကိန်းဟာမှားယွင်းလာတဲ့အခါမှာတော့…..ဒီကားဟာမင်းသားကြီး  Gerard Butler အဓိကသရုပ်ဆောင်ထားတဲ့ကားပါ ..ဇာတ်လမ်းစပြီး ၁၅မိနစ်လောက်ထဲက စကြမ်းပါတယ်..’ရိုက်ချက်တွေ တော်တော်ကြီးမိုက်သလို သဘာဝဘေးဒဏ်ကြောင့် အသတ်ဘေးလုနေရတဲ့ ဒုက္ခသည်တွေကြားထဲကိုကိုယ်ပါရောက်နေသလိုခံစားရပါတယ်…ပြီးတော့အရေးကြုံရင် ထွက်ပေါ်လာတတ်တဲ့လူ့စိတ်တွေကိုလည်းပြထားသလိုဇာတ်လမ်းကလည်းမိုက်တဲ့အတွက် ဒီလို ဘေးဒဏ်ကားတွေကြိုက်တဲ့သူများအဖို့ နင်းကန်ကြည့်သင့်ပါတယ်….

0 comments:

Post a Comment