Gantumoote (2019)


Rating : 8.2/10
Country : India 
Genre :   Drama
Cast :  Karthik Achari, Aryan, Pruthvi Banawasi
Released Date : 2019
Duration : 1h 55min 

အညွှန်း

ယခုတစ်ခေါက်မှာတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာထွက်ရှိထားတဲ့ Gantumoote ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားကတော့ romance၊ drama အမျိုးအစားဖြစ်ပြီး ဆယ်ကျော်သက်အရွယ် ကျောင်းအချစ်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက်

ဇာတ်ကားကောင်းတစ်ကားဖြစ်မှာ အသေအချာပါပဲ။

ဒီဇာတ်ကားမှာတော့ Meera ဆိုတဲ့ကောင်မလေးဟာ ရုပ်ရှင်ကြည့်ရတာကိုအရမ်းရူးသွပ်တဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။

အတန်းထဲမှာလည်း စာအရမ်းတော်ပြီး ဆရာတွေက အားထားရတဲ့ကျောင်းသူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ အတန်းထဲက Mahdu ဆိုတဲ့ကောင်လေးက

အဲ့နေ့မှထူးထူးခြားခြား သူအရမ်းကြိုက်တဲ့မင်းသားနဲ့ ရုပ်ချင်းဆင်တာကို သူသတိထားမိခဲ့ပါတယ်။ Madhu ကတော့ Meera နဲ့ဆန့်ကျင်ဘက်ပါ စာမလုပ်ဘဲ

အတန်းအမြဲလစ်နေတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ စာညံ့တဲ့ကောင်လေးနဲ့ စာတော်တဲ့ကောင်မလေးရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုဖြစ်သွားမလဲ။

မိဘနဲ့ ဆရာတွေကရော သူတို့နှစ်ယောက်ရဲ့ပတ်သတ်မှုကို လက်ခံပါ့မလားဆိုတာကို ဒီဇာတ်ကားမှာဆက်လက်ကြည့်ရှူပေးကြပါဦး။ ကျောင်းတွေမှာ

တွေ့နေကျ love birds လေးတွေရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကျောင်းတုန်းကငယ်ချစ်ဦးကို ပြန်သတိရမှာအသေအချာပါပဲ


 

0 comments:

Post a Comment