Dhadkan (2000)


Rating : 6.5/10
Country : India 
Genre :  Drama, Romance  
Cast : Akshay Kumar, Shilpa Shetty Kundra, Sunil Shetty
Released Date : 2013
Duration :  2h 41min

အညွှန်း

အချစ်ဦးနဲ့ အချစ်ဆုံးဟာ တချို့လူတွေမှာတစ်ယောက်ထဲ မဟုတ်ကြပါဘူး။အချစ်ဦးက တာထွက်နဲ့တူပြီး အချစ်ဆုံးကတော့

ပန်းတိုင်နဲ့ တူပါတယ်။တာထွက် ဘယ်လောက်ပဲ နောက်ကျ နောက်ကျပန်းဝင်တာ လှနေရင်တော့ ဘဝဟာ ချိုမြိန်ခြင်းအတိပေါ့။တချို့သောအချစ်တွေဟာ နောက်ကျပေမယ့်ပိုပြီး တန်ဖိုးကြီးမားပါတယ်။အချစ်ဦးနဲ့လွဲလို့ စိတ်မညစ်ကြပါနဲ့။ဘဝမှာ အချစ်ဆုံးနဲ့ ကြုံကြရဦးမှာပါ။အချစ်ဆုံးကို တွေ့ရှိပြီးကာမှ အချစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ရမယ် ဆိုပါစို့…..ပန်းတိုင် နဲ့ တာထွက်ကို ဘဝမှာ ရွေးချယ်ရတော့မယ် ဆိုပါစို့…..တာထွက်ကို အကောင်းဆုံးဖြစ်အောင် ပြန်ပြီး ကြိုးစားမလား?????ပန်းတိုင်ကို အလှပဆုံးဖြစ်အောင် မွမ်းမံမလား?????အချစ်မှာ မေတ္တာတရားမပါရင် အချစ်ဟာ တန်ဖိုးရှိသင့်သလောက် မရှိပါဘူး။ကိုယ်ချစ်တဲ့သူကို ချစ်တတ်ရုံနဲ့ မရပါဘူး။မေတ္တာထားတတ်ဖို့က ပိုပြီး လိုပါတယ်။မေတ္တာတရားနဲ့ အသက်သွင်းထားတဲ့အချစ်က ပိုပြီး ခိုင်မာပါတယ်။ပိုပြီး တန်ဖိုးရှိပါတယ်။မေတ္တာတရားဟာ အရာရာကို အောင်နိုင်စွမ်းပါတယ်။ချစ်သူကိုလည်း အောင်နိုင်ပါတယ်။ရန်သူကိုလည်း အောင်နိုင်ပါတယ်။မေတ္တာတရားရဲ့တန်ဖိုးကို ဒီဇာတ်ကားမှာ အပြည့်အဝတွေ့ရပါမယ်။အချစ်အကြောင်းဖွဲ့နွဲ့ရင် Hindi ကားတွေကလှလှပပ ဖွဲ့နွဲ့နိုင်ပါတယ်။၂၀၀၀ ခုနှစ် ဝန်းကျင်က ကားဆိုတာ့ သီချင်းတွေအကအလှတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့လည်း ကြည့်ရပါမယ်။ဒီဇာတ်လမ်းမှာ သီချင်းတွေက အသက်ပါ။


 

1 comments: