Dhadak (2018)

 


Rating : 4.5/10
Country : India 
Genre :  Drama, Romance 
Cast :  Janhvi Kapoor, Ishaan Khattar, Ashutosh Rana
Released Date : 2018
Duration :   2h 18min

အညွှန်း



အချစ်နဲ့ ရင်းခဲ့တဲ့ တူနှစ်ကိုယ်ဘဝလေး။မမျှော်လင့်တဲ့ ကံဆိုးခြင်းတွေ မလာခင်ထိတော့ အေးချမ်းတာပေါ့။


လှိုင်းတွေ လာတဲ့အချိန်ကမ်းပေါ်က သဲအိမ်တွေ ပြိုပျက်ပေးရမှာ သဘာဝပါပဲ။


" မင်းအတွက် တစ်နေ့ကျရင် အိမ်ကြီး ထည်ထည်ဝါဝါဆောက်ပေးမယ် "


"အိမ်ကြီး မလိုပါဘူး ငယ်ငယ်လေးကတည်းကနေခဲ့ဖူးပြီးပြီ၊


အိမ်တစ်ဆောင်.. ငါတို့နှစ်ယောက်အတွက်ပဲထမင်းချက်ရမယ့် အိမ်တစ်ဆောင်ပဲ လိုချင်တာပါ "


______________________________


ဇာတ်လမ်းအကျဉ်း

-----------------------

Dhadak ဆိုတဲ့ ကားလေးကအဆင့်အတန်း မတူတဲ့ ဘဝနှစ်ခုကြားကအချစ်စစ်ကို ဖော်ကျုးထားတဲ့ ကားကောင်းလေးပါ။


မမျှော်လင့်ဘဲ သေနတ်ဆွဲမိခဲ့တဲ့ မိမိ၊


ဘဝအတွက် အဆင်သင့် မဖြစ်သေးတဲ့ မိမိချစ်သူ၊


မမျှော်လင့်ဘဲ အာဏာရလာတဲ့ ဖခင်၊


အားလုံးက ကံစီမံရာအတိုင်း ယိမ်းကရပေမဲ့အသိမကြွယ်သေးတဲ့ လူငယ်အိမ်ထောင်သည်ဘဝမှာရှောင်ပြေးကြရင်း၊ ဘဝကို ရုန်းကန်ကြရင်းနဲ့စကားများရန်ဖြစ်ကြာတာလည်းယနေ့ခေတ်ရဲ့ ကိုယ်တွေ့ မြင်ကွင်း၊သတိထားစရာ ပညာယူစရာတွေပါ။


ဒါပေမဲ့ သူတို့ဘဝမှာတော့ မမျှော်လင့်ဘဲ....


-------------------


ဒရာမာပရိသတ်တွေ ကြွေတဲ့ Beyond the clouds ရဲ့မင်းသားချောက အဓိက ပါဝင်သရုပ်ဆောင်ထားပြီးမင်းသမီးချောလေး(အိန္ဒိယအေးသောင်း)နဲ့အတူ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။


အိမ်ထောင်ပြုမယ့်သူတွေရော...


အိမ်ထောင်ပြုပြီးစ ကြင်စဦးဇနီးမောင်နှံတွေပါအတုယူသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း...


ယနေ့ခေတ် ရုပ်ရှင်အများစုမှာ ထည့်သွင်းနေကျဇာတ်သိမ်းနှစ်မျိုး ထည့်သွင်းပေးထားလို့အပျော်နဲ့ ဇာတ်သိမ်းနိုင်သလို.. အလွမ်းအဆွေးအငိုနဲ့လည်း ဇာတ်သိမ်းနိုင်မှာပါ။


(သီချင်းစာသားတွေ ထည့်ရေးပေးချင်ပေမဲ့သီချင်းစာသားတွေ မူရင်းထဲ မပါလို့ ထည့်မရေးနိုင်ခဲ့ပါကြောင်း......)


0 comments:

Post a Comment