Crying Freeman (1995)


 

Rating : 6.5/10
Country : United State
Genre : Action, Crime, Thriller 
Cast : Julie Condra, Kevan Ohtsji, Mark Dacascos
Released Date : 1995
Duration : 1h 42min

အညွှန်း
ဒီတစ်ခါမှာတော့ ဂျပန် ကာတွန်း manga ဇာတ်လမ်းတွေကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတွေထဲက အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို ဖော်ပြပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ fantasy film award အတွက် ဆန်ကာတင်ဝင်ခဲ့သလို ဘတ်ဂျက်နည်းနည်းနဲ့ အကောင်းဆုံးလက်စွမ်းပြ ရိုက်ကူးထားပါတယ်။


 
ဇာတ်လမ်းအကျဉ်းကတော့ တရုတ်လျို့ဝှက်အဖွဲ့အစည်းတစ်ခုက လူသတ်ပြီးရင်မျက်ရည်ကျတတ်တဲ့ လူသတ်သမားတစ်ယောက်ကို တစဖက်ရန်သူဂိုဏ်းက လက်တုံ့ပြန်ဖို့ကြိုးစားတဲ့ ဇာတ်လမ်းပါ။ ဇာတ်ကားက B အဆင့် ဇာတ်ကားတစ်ကားဖြစ်ပေမယ့် တိုက်ခိုက်ခန်းတွေကို လှလှပပ ရိုက်ပြထားတာကြောင့် အတော်လေးကြည့်လို့ကောင်းပါတယ်။


 
တိုက်ခိုက်ခန်းတွေမှာ အနှေးပြကွက်တွေကို အထူးဂရုစိုက်ပြီး အသေးစိတ်ပြုလုပ်ထားပါတယ်။ မင်းသား Mark Dacascos ရဲ့ ကိုယ်ခံပညာပိုင်နိုင်ကျွမ်းကျင်မှုကို လည်း မြင်တွေ့ရမှာပါ။
Christophe Gans ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး Mark Dacascos(ပါရာနာဝေးမင်းသား) က Freeman အဖြစ်သရုပ်ဆောင်ထားပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ခုအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ IMDB raing 6.5 ပါ။

0 comments:

Post a Comment