Chitralahari (2019)


Rating : 7.2/10
Country : India 
Genre :  Drama
Cast :   Kalyani Priyadarshan, Sai Dharam Tej, Rohini Hattangadi 
Released Date : 2019
Duration : 2h 11min


 

အညွှန်း



ဒရာမာဆိုရင် ဟင်ဒီ၊ ဖိုက်တင်ဆို တမီးလ်၊အချစ်ဆိုရင် တေလဂူးလို့တောင်

ပြောရလောက်အောင် အဲ့ဒီလိုကားမျိုးတွေဟာ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေကို

ဖမ်းစားနိုင်စွမ်းရှိကြတယ်…..အခုလည်း တေလဂူးအချစ်ကားသစ်လေးကို မိတ်ဆက်ပေးပါရစေ…

ကောင်လေးတစ်ယောက်ဟာ တီထွင်မှုတွေအမြဲလုပ်ဖို့ကြိုးစားနေတယ်…

ပုံစံမျိုးစုံကြိုးစားနေပြီး သူ့ရဲ့လူငယ်သက်တမ်းတစ်လျှောက်လုံးမှာ

အကောင်းမွန်ဆုံးတစ်ခုဆိုတာမျိုးကိုချပြနိုင်ဖို့ အချိန်တွေပေးခဲ့တယ်..သို့ပေမယ့် သူပေးရတာတွေနဲ့မတန်အောင် ကျရှုံးမှုပေါင်းများစွာကြုံခဲ့ရသလို

ဦးဏှောက်ဖောက်စားတဲ့သူများတွေကြောင့်လည်း နောက်ကောက်ကျခဲ့ရတာတွေရှိတယ်…ဒီလိုဖြစ်ရပ်တွေကြောင့်ကြာလာတော့ သူလည်း လောကကြီးကိုအရှုံးပေးချင်လာပုံရတယ်…

သို့ပေမယ့် သူ့ဘဝကိုပြောင်းလဲစေနိုင်တဲ့ လမ်းပြကြယ်လေးကိုတွေ့ပြီးတဲနောက်မှာတော့…

သူ့ရဲ့လမ်းပြကြယ်လေးဟာ ဘယ်သူလဲ..

သူတို့ဘယ်လိုဆုံတွေ့ကြလဲ…

သူကရော သူ့ရည်မှန်းချက်အတိုင်း အကောင်းဆုံးတီထွင်မှုတစ်ခုကိုချပြနိုင်မလား..

ဆိုတာတွေကိုတော့ခံစားကြည့်လိုက်ပါဦး…


 

0 comments:

Post a Comment