Bareilly Ki Barfi (2017)


Rating : 7.5/10
Country : India 
Genre :   Comedy, Romance
Cast :   Ayushmann Khurrana, Kriti Sanon, Rajkummar Rao 
Released Date : 2017
Duration :  1h 56min

အညွှန်း

ဘာရီလီ ဆိုတဲ့ မြို့ငယ်လေးမှာ အစဉ်အလာတွေကို ဆန့်ကျင်ပြီး ကိုယ့်ခံစားချက်အတို်င်းလွတ်လပ်စွာနေထိုင်တဲ့ ဘစ်တီဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ ထိုကောင်မလေးဟာ ကိုယ့်လွတ်လပ်ခွင့်ကိုမြတ်နိုးသူဖြစ်ပြီး မိဘတွေစီစဉ်ပေးတဲ့ မင်္ဂလာဆောင်ကမ်းလှမ်းချက်များကို ပေါက်ကရတွေပြောကာ ငြင်းလွှတ်သူတစ်ယောက်လဲဖြစ်ပါတယ်။ ဒီနေရာထပ်ပြောဖို့လိုတာက ဘစ်တီရဲ့ မိဘနှစ်ပါးပါ ဘစ်တီရဲ့အမေဟာ ဘစ်တီကို သမီးတစ်ယောက်လို့ သတ်မှတ်ပြီး ညဘက်အပြင်တွေသွားတာ ပွင့်ပွင့်လင်းလင်းနေထိုင်တာမျိုးကို မကြိုက်သူဖြစ်ပြီး အဖေကတော့ ဘစ်တီကို သားတစ်ယောက်လို့​သတ်မှတ်ကာ တစ်ခါတလေ ဆေးလိပ်ပါ အတူတူခိုးသောက်ပေးသူ ဖြစ်ပါတယ်။ ဒါပေမယ့် မိဘနှစ်ပါးလုံးမှာ သမီးဖြစ်သူကို အိမ်ထောင်ကျပြီး တည်တည်ငြိမ်ငြိမ်ဖြစ်စေချင်တဲ့ဆန္ဒလေးတော့ ရှိပါတယ်။ အဲ့လို မိဘနှစ်ပါးက ခနခနလင်ပေးစားလွန်းလို့ ဘစ်တီဟာ တစ်ညမှာ အိမ်ပေါ်ကနေဆင်းပြေးပါတော့တယ်။ ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် သွားမည်ဟု ဆုံးဖြတ်ကာ ရထားဂိတ်မှာ ရထားစောင့်နေစဉ် ပျင်းပျင်းရှိတာနဲ့ ရထားပေါ်ဖတ်ဖို့ လမ်းဘေးစာအုပ်ဆိုင် တစ်ဆိုင်မှာ စာအုပ်တစ်အုပ်ဝင်ဝယ်ပါတယ် ။ ရထားပေါ် သူမ ရောက်သောအခါမှာတော့ ထိုဝယ်လာတဲ့စာအုပ်လေးကို ထုတ်ဖတ်ပါတယ် ထိုစာအုပ်လေးရဲ့ နာမည်ကတော့ ဘာရီလီမြို့မှာ ပေါ့ပျက်ပျက်ကောင်မလေး တဲ့။ သူမဟာ ထိုစာအုပ်ကိုဖတ်နေရင်း ထိုစာအုပ်ထဲက ဇာတ်ကောင်ဖြစ်တဲ့ ပေါ့ပျက်ပျက်ကောင်မလေးဟာ သူမရဲ့အကျင့်စရိုက် အမူအကျင့်တွေနဲ့ အကုန်တူညီနေတာကို တွေ့လိုက်ရပြီး သူမအကြောင်းကို ဒီလောက်နားလည်သိရှိနေတဲ့ စာရေးဆရာကို တွေ့ချင်စိတ်ပေါ်လာတာကြောင့် စိတ်ကူးပြောင်းကာ အိမ်ပေါ်ပြန်တက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဘစ်တီ ဟာ စာရေးဆရာကို အသဲအသန်ရှာပါတော့တယ်. အဲ့ဒီနောက်..............


မင်းသားတွေဖြစ်ကြတဲ့ Ayushmann Khurrana နဲ့ rajkummar rao တို့ဆိုတာ ရုပ်ရည်ကြောင့်လို့ပြောရမလား ထိပ်တန်းစာရင်းကို ရောက်မလာပေမယ့် သရုပ်ဆောင်ချက်ကတော့ ထိပ်တန်းပဲဆိုတာ သူတို့ပါဝင်အောင်မြင်ခဲ့တဲ့ကားတွေကိုကြည့်ရင်သိနိုင်ပါတယ်။ ဒီကားမှာလဲ ဇာတ်လမ်းက ဟာသဆိုပေမယ့် ပေါတဲ့ဘက်ကို ရောက်မသွားပဲ သဘာဝကျကျ တကယ်ရယ်ရတဲ့ဇာတ်ကွက်လေးတွေနဲ့ဇာတ်လမ်းကို ဆွဲခေါ်သွားနိုင်တယ်။ kriti sanon ဆိုတာလဲ နောက်တက်တွေထဲက လူငယ်ကြိုက်မင်းသမီးလေးဆိုတော့ အားလုံးသဘောကျနှစ်သက်ကြမှာပါ။

 

0 comments:

Post a Comment