ကဲ. . .
လက်နှေးမနေပဲ အပြေးသာကြည့်လိုက်ပါဦး..။
Movie Bar မှပရိတ်သက်ကြီးအတွက်
ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက
အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့မင်းသားကြီး
Nawazuddin Siddiqui ရဲ့
2017 က ထွက်တဲ့ ဂန်းစတား ဘဝသရုပ်ဖော်
ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။
သဘာဝကျတဲ့ ဇာတ်ရုပ်တွေကို
အပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးရဲ့ ကားဆိုတော့
မကောင်းမှာ မပူရသလို၊
လူ့သဘာဝနဲ့ လူ့စိတ်ကို
အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။(အရွယ်မရောက်သေးသူတွေ၊
မိသားစုနဲ့အတူကြည့်မယ့်သူတွေအတွက်ကတော့ အမြင် မတင့်တယ်ပါဘူး။)
ဒါ့အပြင် ဒီကားက
မင်းသမီး Bidita Bag ကို
ပွဲထုတ်လိုက်တဲ့ဇာတ်ကားဆိုရင်လည်း
မမှားပါဘူး။
ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။
တစ်ခါတစ်လေ ဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်
ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။
ပြောလိုတာကတော့
အခြား ဂန်းစတားကားတွေလို
စကားတွေအများကြီး မပြောပါဘူး။
မျက်နှာတွေ ရှုံ့မပြပါဘူး။
မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင်
မြိုင်ဆိုင်ပြည့်စုံနေလို့ပါ။

0 comments:
Post a Comment