Ankur Arora Murder Case (2013)


Rating : 6.5/10
Country : India 
Genre :   Action, Drama 
Cast :  Kay Kay Menon, Visshesh Tiwari, Tisca Chopra
Released Date : 2013
Duration : 2h 9min 


အညွှန်း

အသက်မွေးကျောင်း ဆိုင်ရာ ပညာရပ်တစ်ခုကို ရိုက်ကူးရာ၌ အိန္ဒိယရုပ်ရှင်လောကသည် လွန်စွာပါးနပ်ကျွမ်းကျင်လှသည်။ပေးချင်သည့် စိတ်ကူးရသတို့အား ထိမိချိတ်ဆက်ပုံကလည်း ရှင်းလင်းပေါ်လွင်လှသည်။ဤ ဇာတ်ကား မှာလည်း “ဆရာဝန်” ဟူသော အလုပ်အကိုင် တစ်ရပ်အား ဖော်ပြထားသည်။သို့သော် ဤဇာတ်ကား၏ ထူးခြားချက်မှာ “ဆရာဝန် “ဟူသော အသုံးအနှုန်းအား ပြန်လည် သုံးသပ်ဆင်ခြင်မိစေသည်။ဆရာဝန်အလုပ် ဟူသည် အသက်မွေးကျောင်း ပညာတစ်ရပ်ဖြစ်သော်လည်း ဆရာဝန်တစ်ဦးမကောင်းပါက ဆေးပညာလောကတစ်ခုလုံးအား ကိုယ်စားမပြုနိုင်။ဤကဲ့သို့ပင်။ လူနာအပေါ် စေတနာ ထားသော ဆရာဝန်သည်လည်း ဆေးလောကကို ကိုယ်စားပြုသည် မဟုတ်လှပါ။အဘယ်ကြောင့် ဆိုသော် ဆေးပညာနယ်ပယ်အရ စိတ်ဓာတ် နည်းနာများ ကောင်းမွန်စေရန် သင်ကြားပေးခဲ့သော်လည်း လိုက်နာအပ်သော စိတ်သဘောထား ကွာဟ မှုတို့ကြောင့် ဖြစ်ပေသည်။ဤဇာတ်ကားတွင်လည်း ထိုသို့သော သဘောတရားအခြေခံအား အခြေပြုထားသည်။ ကောင်းမွန်သော ဆရာဝန်ရှိသကဲ့သို့ ကိုယ်ကျိုးဆန်သော ဆရာဝန်လည်း ရှိခဲ့သည်။ဆရာဝန်တိုင်း ကောင်းသည်မဟုတ်။ ဆိုးသည်မဟုတ်ပါချေ။ လူ့သဘာဝ စိတ်ဓာတ်အနေအထားအရ ကွာခြားခဲ့သော်လည်း ဆေးပညာလောကသည် လူနာအသက် ဦးစားပေးရေး ပင် ဖြစ်ပေသည်။ဇာတ်လမ်းအကျဉ်းအရ နာမည်ကြီးဆေးရုံ တစ်ခုသို့ ကလေးတစ်ယောက် ဗိုက်အောင့်ရင်း ဆေးရုံလာခဲ့သည်။ အကြောင်းရင်းမှာတော့ အူအတက်ရောင် ရောဂါ ကြောင့် ပင် ဖြစ်သည်။သို့နှင့် နောက်ရက်များမှာ တော့ ခွဲစိတ်ဖို့ စီမံထားခဲ့ကြသည်။ ခွဲစိတ်ပေးမည့် ဆရာဝန်ကြီးကလည်း နိုင်ငံတွင်းကျော်ကြားသည့် ခွဲစိတ်ဆရာဝန်ကြီးဖြစ်သည်။ထို့နောက် ခွဲစိတ်မည့်နေ့ရက် ရောက်ရှိလာခဲ့သည်။သို့သော် ခွဲစိတ်မှုမလုပ်ခင် တစ်နာရီအလိုမှာတော့ ကလေး သည် ဘီစကွက်ခိုးစားလိုက်မိသည်။ဤသည်ကို သူနာပြု မှတဆင့် ဆရာဝန်ကြီးအား အကြောင်းကြားခဲ့သော်လည်း ဆရာဝန်ကြီး၏ သဘောအတိုင်း ခွဲစိတ်မှု ပြုလုပ်ရန်သာ စီစဉ်ခဲ့ကြသည်။အဲ့ဒီနောက် ခွဲစိတ်မှု စတင်ပြုလုပ်ခဲ့ရာ အူအတက်အား ဖြတ်ထုတ် နိုင်ခဲ့သော်လည်း ကလေး ၏ အခြေအနေမှာ မကောင်းလှချေ။စားခဲ့သောအစာ ကြောင့် အလွန်အမင်း အန်လာပြီး အစာ လေပြွန်အတွင်း ဝင်ရောက်ခဲ့သည်။ Oxygen Level ကျဆင်းလာပြီး ဦးနှောက်သို့ သွေးပို့ဆောင်မှုလည်း နည်းလာသည်။ထို့နောက် ကံဆိုးစွာဖြင့် ကလေးမှာ Coma ရခဲ့လေသည်။ နောက်နှစ်ရက် မှာတော့ ကလေးငယ်မှာ သေဆုံးခဲ့လေတော့သည်။ယခု ဖြစ်စဉ်သည် အစာကြောင့် ဟု ဆိုအပ်ပါလျှင် ခွဲစိတ်မှု မပြုလုပ်ခင် အစာအိမ် ရှင်းလင်းနိုင်ရေး မပြုခဲ့သည့် ပေါ့ဆမှုကြောင့် ကလေးသေဆုံးမှု ဖြစ်ခဲ့ရခြင်းဖြစ်သည်။

( ဤနေရာတွင် ဆရာဝန်ပေါ့ဆမှု ဟုသာ တရားရုံး၌ ထင်ရှားပါက ထောင်ဒဏ်ကျခံရဖွယ်ရှိသည် )ဆရာဝန်ကြီးကလည်း နိုင်ငံတွင်း ကျော်ကြားသူတစ်ဦး ဖြစ်သောကြောင့် ဤသေဆုံးမှု၏အကြောင်းရင်းဖြစ်ရပ်မှန် အား ဖုံးကွယ်ထားခဲ့သည်။သက်သေ အားလုံးကိုလည်း ဖျောက်ဖျက်ခဲ့သည်။ မိဘများအား အဆုတ် အလုပ်လုပ်မှု ဖြစ်စဉ် မူမမှန်ကြောင့် သေဆုံးရသည် ဟု သာ ရှင်းပြထားခဲ့သည်။ ။သို့သော်လည်း ဤသေဆုံးအား သံသယရှိသူ တစ်ဦးပေါ်လာခဲ့သည်။ နာမည်က Romesh ။ Romesh မှာ ဤဆေးရုံမှ ဆရာဝန်ငယ်တစ်ဦး ဖြစ်သည်။ကလေးငယ် အသက်ထင်ရှားရှိစဉ်က ကလေးငယ်အား အသက်အန္တရယ် မရှိ ကုသပေးနိုင်မည်ဟု ကတိပေးထားခဲ့သူဖြစ်သည်။ ဤနေရာတွင် ဇာတ်ကား၏ ဆွဲဆောင်မှုသည် မြင့်မားလာသည်။ဂုဏ် ပကာသန တို့နှင့် မူးယစ်ရင်း တာဝန်ခံလိုမှု မရှိစွမ်းသော ဆရာဝန်ကြီး နှင့် တာဝန်ယူလိုမှုရှိ စေချင်သော ဆရာဝန်ငယ်တို့ အားပြိုင်မှုမှာလည်း ပြင်းထန်လာသည်။ကလေး ကို ဆုံးရှုံးခဲ့ရသော မိခင်တစ်ဦး၏ အမှန်တရား ငတ်မွတ်မှုမှာလည်း ပြင်းပြလာခဲ့သည်။ ဤသို့နှင့် အမှုမှန် တစ်ခု ပေါ်ပေါက်လာရန် တင်ဆက်ပုံတို့ကလည်း ဇာတ်အိမ်ကို ပိုခိုင်မာလာစေသည်။ဤဇာတ်ကားတွင် Profession တစ်ခုအောက် အလုပ်လုပ်ကြသော်လည်း တာဝန်ခံလိုမှုသဘောတရား ကို ဖွင့်ဟထားပေးနိုင်ခဲ့သည်။ဆရာဝန်များ ပေါ့ဆအပ်သော သတိပေးခေါင်းလောင်း( Medical Negligence ) ကိုလည်း မီးမောင်းထိုးပြပေးခဲ့သည်။ကိုယ်ချင်းစာနာတတ်မှု / အားပြိုင်မှု / အမှန်တရား တိုက်ပွဲ တို့ကလည်း ဇာတ်လမ်း ၏ အနှစ်သာရကို ပိုမိုရသပေါ်လွင်စေသည်။ထို့ပြင် စကားလုံး အသုံးအနှုန်း နှင့် ဇာတ်ကွက် အလှည့်တို့ကလည်း စိတ်အံ့အား သင့်စေ မည် ဖြစ်တာမို့ ပေးရသည့် အချိန်နဲ့ ထိုက်တန်အပ်သည့် ဇာတ်ကားဖြစ်ခဲ့ပါတော့သည်။အထက်ပါလင်းခယံ အကြောင်းအရာများကို ကိုလင်းခံယံ၏ ခွင့်ပြုချက်နှင့် ကူးယူဖော်ပြထားပါတယ်။ဒီဇာတ်ကားက ဆေးပညာပိုင်း ဖြစ်တဲ့အလျောက် ဘာသာပြန်ဆိုသူများအနေဖြင့် တစ်ချို့ဝေါဟာရတွေ မြန်မာမှုပြုဖို့ရာ ခဲယဉ်းခြင်းရှိသလို နယ်ပယ် ကျွမ်းကျင်မှု မရှိသည့်အတွက် အခက်အခဲတွေ ရှိထားပါတယ်။

ဒါပေမဲ့ အနီးစပ်ဆုံးဖြစ်အောင် ဆရာဝန်၃ယောက်ဆီမှ အကူအညီယူထားပါတယ်။

ဂရုစိုက်သည့်ကြားမှ လိုအပ်ချက်တစ်စုံတစ်ရာရှိပါက သည်းခံပေးပါရန် တောင်းဆိုချင်ပါတယ်။

0 comments:

Post a Comment