7 Khoon Maaf (2011)


Rating : 6.1/10
Country : India 
Genre : Drama, Mystery, Thriller 
Cast : Priyanka Chopra, Vivaan Shah, Neil Nitin Mukesh
Released Date : 2011
Duration :  2h 17min 

အညွှန်း

မိန်းမတိုင်းဟာတစ်သက်မှာ တစ်ခါတော့ သူတို့ ယောကျ်ားတွေကို သတ်ပစ်ဖို့ စဉ်းစားဖူးတယ် တဲ့ …..ခင်ဗျားဟာ အိမ်ထောင်သည်ဆိုရင် ခင်ဗျားရဲ့မိန်းမကို မေးကြည့်ပါ ။

အနည်းဆုံး တစ်ကြိမ်တော့ ခင်ဗျားကို သတ်ဖို့ နည်းလမ်းတစ်ခုတော့ သူစဉ်းစားဖူးလိမ့်မယ်တဲ့ …..ကဲ .. ဒါဆို ဘာလို့ ခင်ဗျား အခုထိ အသက်ရှင်နေလဲ သိလား?“ကလေး”ကလေးတစ်ယောက်လောက် ရလိုက်ရင်

မိန်းမတွေဟာ ယောကျ်ားကို ပိုပြီး သည်းခံလာနိုင်လာတယ်တဲ့ … ဒါကြောင့် ခင်ဗျား အခုချိန်အထိ အသက်ရှင်နေတာပေါ့ …..

ဆူဆန်နာ အန်နာမရင်း ဂျိုဟန်နာ ဆိုတဲ့

သူဌေးမ တစ်ယောက် ယောကျ်ား ၆ ယောက်ထိ ယူခဲ့တယ် အကုန်သေကုန်တယ် ။တကယ်တော့ ဆူဆန်နာဟာ

သူ့ဘဝသက်တမ်း တစ်လျှောက်လုံး ထာဝရအချစ်ကို ရှာဖွေခဲ့တာပါ ၊ အရမ်းအထီးကျန်ခဲ့ရပါတယ် ။ သူ မွေးကင်းစအရွယ်မှာပဲ သူအမေ ဆုံးပါးသွားခဲ့တယ် ။ ပြီးတော့ သူအရွယ်မရောက်ခင်မှာဘဲ သူ့အဖေ ထပ်ဆုံးသွားခဲ့ပါတယ် ။ သူ့အဖေက သူအတွက်တော့ အရာရာပါပဲ သူငယ်ချင်းလို.. အမေလို.. အဖေလို.. အစ်ကိုလို ဖြစ်နေခဲ့တယ် ။ သူအဖေဆုံးသွားတဲ့နောက်ပိုင်းမှာ သူ့အဖေလို ယောက်ျားမျိုးကိုတွေ့ဖို့ ကြိုးစားခဲ့ပါတယ် ။တကယ်တော့ ဆူဆန် ဘဝက

မကောင်းတဲ့ ယောကျ်ားတွေနဲ့ပဲ ဆုံဖို့ ကံပါလာတယ် ထင်ပါတယ် ။ဆူဆန်နာမှာ သိပ်ချစ်တတ်တဲ့ နှလုံးသားရှိတယ်

အဲဒိနှလုံးသားကြောင့်ပဲ လူ ၆ ယောက်ကို သေနေ့မစေ့ပဲ ကောင်းကင်ဘုံကို စောစောစီးစီး ပို့ပစ်လိုက်တယ်လေ ….ဆူဆန်ရဲ့ အလှက ကြောက်စရာကောင်းတယ်

ဒါပေမယ့် သူ့ကို အရှိအတိုင်း လက်ခံနိုင်မယ့်သူမျိုး …. သူ့ရဲ့ဒုစရိုက်တွေ သုစရိုက်တွေနဲ့ ဒီကြောက်စရာမျက်နှာကြီးကို လက်ခံနိုင်မယ် လူမျိုးကို သူရွေးချယ်တော့မယ် ။အဲဒါကတော့ သူ့ရဲ့ ၇ ယောက်မြောက် ယောကျ်ားပါပဲ ….


 

0 comments:

Post a Comment