Tunnelen (2019)


 

Rating : 6.1/10
Country : United State
Genre : Drama, Thriller 
Cast : Thorbjørn Harr, Ylva Fuglerud, Lisa Carlehed
Released Date : 2019
Duration : 1h 45min

အညွှန်း
တောင်ထူပြောတဲ့နော်ဝေးဒေသမှာ တောင်တွေကိုလှိုဏ်ခေါင်းဖောက်ပြီး လမ်းဖောက်ထားရပါတယ်။ လှိုဏ်ခေါင်းတွေအများကြီးရှိသလို မတော်တဆမှုတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒီ the tunnel 2019 မှာတော့ စည်းကမ်းမဲ့စွန့်ပစ်လိုက်တဲ့ ကြွပ်ကြွပ်အိတ်ကြောင့် ဆီသယ်လာတဲ့ယာဉ်တစ်စီးမတော်တဆမှုဖြစ်ပြီး မီးလောင်ပေါက်ကွဲရာမှ လူများစွာသေကြေခဲ့ရတဲ့ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာပါ။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ပျော်ရွှင်ဖွယ်ရာခရစ်စမတ်ညက ဝမ်းနည်းဖွယ်အတိဖြစ်သွားခဲ့ရတာပါ။

အယ်လီဆာလို့ခေါ်တဲ့ ကောင်မလေးက သူ့အဖေမှာချစ်ရသူတစ်ယောက်ထပ်ရလာတဲ့အတွက် အဖေနဲ့အဆင်မပြေတဲ့ကောင်မလေးပေါ့။ အင်းဂရစ်ကလူကောင်းပေမယ့် အယ်လီဆာကတော့ အမေနေရာဝင်လုသူတစ်ယောက်အနေနဲ့ အမြင်စောင်းနေခဲ့ပြီး အဖေ့ကိုဆန့်ကျင်ကာ အော်စလိုကိုသွားမယ့် ခရီးသည်တင်ယာဉ်တစ်စီးနဲ့လိုက်သွားခဲ့ပါတယ်။ ဒီခရီးသည်တင်ယာဉ်က မီးလောင်နေတဲ့လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။

အဖေဖြစ်သူစတိန်းကရော သမီးဖြစ်သူရဲ့အဖြစ်ကိုသိပြီး ကယ်ဆယ်နိုင်မှာလား။ အင်းဂရစ်ကရော ချစ်ရသူရဲ့သမီးအတွက် ဘယ်လိုတွေစွန့်စားသွားမလဲ။ သမီးဖြစ်သူကိုကယ်ပြီးချိန်မှာ ဆယ်ကျော်သက်ကလေးနှစ်ယောက် ကျန်ရှိနေတာကိုသိသွားတဲ့အခါ စတိန်းတစ်ယောက်အန္တရာယ်တွင်းထဲကို ပြန်သွားမှာလား။ ဒီကလေးတွေကိုကယ်ဆယ်ပြီး သူရောအသက်ရှင်လျက်ထွက်လာနိုင်ပါ့မလားဆိုတာကို ဒီရုပ်ရှင်လေးမှာ အဖြေရှာရင်း သမီးအပေါ်ထားတဲ့ဖခင်တစ်ဦးရဲ့မေတ္တာကို ခံစားကြည့်ရှုလိုက်ရအောင်။

0 comments:

Post a Comment