Rating : 6.9/10
Country : United State
Genre : War, Drama
Cast : Colin Farrell, Matthew Davis, Clifton Collins Jr.
Released Date : 2000
Duration : 1h 41min
Country : United State
Genre : War, Drama
Cast : Colin Farrell, Matthew Davis, Clifton Collins Jr.
Released Date : 2000
Duration : 1h 41min
အညွှန်း
ဒီဇာတ်ကားကို ဒါရိုက်တာ ဂျိုးလ်စကူမာချာက ရိုက်ကူးပြီး ၂၀၀၀ ခုနှစ်မှာ ပြသခဲ့တာပါ။
မင်းသားချော ကောလင်းဖာရယ်ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ ဘော်စတွန်ရုပ်ရှင်
ဝေဖန်သူများအဖွဲ့အစည်းမှ ပေးအပ်သော အကောင်းဆုံးသရုပ်ဆောင်ဆု ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့ပါတယ်။အမေရိကန်ဒရမ်မာစစ်ကားဖြစ်ပါတယ်။ အမေရိကန်-ဗီယက်နမ်စစ်ပွဲ ဆင်နွဲနေချိန် ၁၉၇၁ ခုနှစ်ကာလ
နောက်ခံဇာတ်ကားအဖြစ်ရိုက်ကူးထားတာပါ။ အမေရိကန်က ဗီယက်နမ်စစ်ကိုရှုံးနိမ့်ခဲ့ပါတယ်။ဗီယက်နမ်စစ်ပွဲအတွင်းကို စေလွှတ်မယ့် အမေရိကန်စစ်သားတွေကို ဖော့တ်ပေါ့ခ်စစ်စခန်းမှာ
သင်တန်းပေးပြီးမှ စေလွှတ်ခဲ့တာပါ။ ရိုလန်ဘော့ဇ်အဖြစ်သရုပ်ဆောင်သူ မင်သားဇာရယ်ဟာ
စစ်ကိုဆန့်ကျင်သူတစ်ဦးဖြစ်ပြီး သူငယ်ချင်းဖြစ်သည့်ဂျင်ပက်စ်တွန်နှင့်အတူ သင်တန်းကာလ
သူ၏အတွေ့အကြုံများကို ဂျာနယ်တစ်ခုတွင် မှတ်တမ်းတင်ရန် စိတ်အားထက်သန်ခဲ့တယ်။အစပိုင်းမှာတော့ ပြသနာရှာတတ်သူရဲဘော်တစ်ယောက်လို့ ထင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ
အကြောင်းအမျိုးမျိုးကြောင့် တပ်ထဲရောက်လာခဲ့ပြီး အဆင်မပြေမှုတွေကြောင့် တပ်ထွက်ခွင့်
ရချင်သူတွေကို ကူညီခဲ့တာတွေနဲ့ သူရဲ့ရဲရင်တဲ့စိတ်ဓာတ်ကြောင့် အများက ခေါင်းဆောင်အဖြစ်
အသိအမှတ်ပြုခဲ့ပါတယ်။ သူကိုယ်တိုင်လည်း တပ်ကထွက်ပြေးဖို့ စီစဉ်ပြီးမှ သူငယ်ချင်းသံယောဇဉ်
ကြောင့် ထွက်မပြေးဖြစ်ခဲ့ရတာပါ။စစ်တပ်ရဲ့ အဆိုအမိန့်တစ်ခုဖြစ်တဲ့ လူအများမှ
တစ်ယောက်ဖြစ်လာအောင်ပူးပေါင်းဆောင်ရွက်မှုနဲ့ အခက်အခဲကျော်ဖြတ်မှုတွေ၊ သင်တန်းကာလ
ပင်ပန်းဆင်းရဲမှုတွေကို ကြည့်ရျုခံစားရမှာ ဖြစ်ပါတယ်၊ လူအများနဲ့ အတူပူးတွဲနေထိုင်စားသောက်ရတဲ့
အသင်းအဖွဲ့တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချင်းချင်းမနာလိုမှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ လက်စားချေမှုနဲ့ ကူညီ
ရိုင်းပင်းတတ်မှုစတဲ့ လူ့သဘာဝတွေကို ထင်ထင်ရှားရှားမြင်ရမယ့် စစ်ဘက်လေ့ကျင့်ရေးစခန်း
တစ်ခုအကြောင်းမို့ မလွတ်တမ်းကြည့်ရှု အားပေးကြပါဦး။
0 comments:
Post a Comment