The Most Beautiful Retrograde ( 2020 )


 

Rating : 5.8/10
Country : China
Genre : Drama
Cast : Chen Qijie, Cheng Cheng, Chi Zhiqiang, Fan Yulin, Tian Tian
Released Date : 2020
Duration : 1h 24min

အညွှန်း
အခု ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရတဲ့ ကပ်ဆိုးကြီး ကိုရိုနာ (ခ) ကိုဗစ်ပေါ့ဒါစဖြစ်ခဲ့တာ ဝူဟန်ဆိုတာ အားလုံးသိကြမှပါ။ ဒီဝူဟန်မှာ စဖြစ်ခဲ့တဲ့ကူးစက်ရောဂါကို ဝူဟန်ပြည်သူ ပြည်သားတွေ ဘယ်လိုရင်ဆိုင်ခဲ့ရတယ်ဆိုတာကျွန်မတို့ ရာနှုန်းပြည့် မသိပေမယ့် ဒီကားလေးကတော့ အနီးစပ်ဆုံး ခံစားမိအောင် ရိုက်ကူးထားပါတယ်…ဒီဇာတ်ကားလေးမှာတော့ ဝူဟန်ကူးစက်ရောဂါ ဘယ်ကစတယ်ဆိုတာထက်
ဝူဟန်ကနေ တခြား ပြည်ကို ဘယ်လို ပျံ့သွားတယ်ဆိုတာရယ် ဝူဟန်ဆိုတဲ့ မီးခိုးတိတ်တိုက်ပွဲကြီးကို အဖြူရောင်စစ်သည်နဲ့ အစိုးရရဲအဖွဲ့၊နောက်ပြီး အုပ်ချုပ်သူ အစိုးရ၊ နောက်ဆုံးငွေရှင်လုပ်ငန်းရှင်တို့ ဘယ်လိုအချိတ်ဆက်မိမိ ကြိုးစားခဲ့တယ်ဆိုတာကို အနည်းအကျဉ်းဖော်ပြထားသလို…ကူးစက်ခံလိုက်ရတဲ့ မိသားစုတွေခံစားချက်၊ ဘယ်လို အားနည်းချက်ကြောင့်ကူးစက်ခံလိုက်ရတယ် နောက်ပြီး ဘယ်လိုတွေ နေထိုင်သင့်တယ်ဆိုတာလည်း တင်ဆက်ထားပါသေးတယ်…ဒီဇာတ်လမ်းမှာတော့ သံသယပိုးရှိသူ ကို ဖမ်းရင်း အကူးစက်ခံလိုက်ရတာကိုဆေးရုံသွားနောက်ကျခဲ့တဲ့ ရဲမေမလေးအကြောင်း၊ မိသားစုကိုပစ်ပြီးတိုက်ပွဲဝင်နေပေမယ့် တာဝန်ကြောင့် မိသားစုကိုတောင် ဒီရောဂါပိုးအကြောင်း ပြောပြခွင့်မရှိတဲ့ ဆရာဝန်တွေအကြောင်း၊ လူနာကိုကာကွယ်ဖို့ ကြိုးစားရင်းကူးစက်ခံလိုက်ရတဲ့ သူနာပြုဆရာမလေးအကြောင်း…ကိုယ်တိုင်ခံစားရမှ သိနိုင်တဲ့ ခံစားချက်တွေကို ဇာတ်လမ်းကြည့်ရုံနဲ့ သိလိုက်မှာပါ။

0 comments:

Post a Comment