Rating : 6.5/10
Country : United State
Genre : Action, Crime, Thriller
Cast : Jason Statham, Catherine Chan, Chris Sarandon
Released Date : 2012
Duration : 1h 34min
Country : United State
Genre : Action, Crime, Thriller
Cast : Jason Statham, Catherine Chan, Chris Sarandon
Released Date : 2012
Duration : 1h 34min
အညွှန်း
Transporterကားထဲက အက်ရှင်မင်းသားကြီး Jason Stathamပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးက IMDb rating 6.5/10အထိရရှိထားတဲ့ Action, Crime, Thrillerအမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပါတယ်။
မေလို့ခေါ်တဲ့ တရုတ်မလေးဟာ မှတ်ဥာဏ်အရမ်းကောင်းလို့ တစ်ခါမြင်ရင် ဘယ်တော့မှမမေ့ဘဲ မှတ်ထားနိုင်စွမ်းရှိပါတယ်။ သူကကျောင်းမှာထူးချွန်လို့ ပိုသင့်တော်တဲ့ကျောင်းဆီပြောင်းဖို့ လုပ်နေစဥ်မှာပဲ ကွန်ပျူတာတွေက ခြေရာခံလို့ရလို့ သဘောမကျဖြစ်နေတဲ့ တရုတ်ပြည်ကသူဌေးတစ်ယောက်က သူ့ကိုမျက်စိကျသွားခဲ့ပါတယ်။ ဒါကြောင့်သူ့ကိုခေါ်သွားခဲ့ပြီး သူ့အလုပ်ကအဝင်အထွက်ငွေစာရင်းတွေနဲ့ အရေးကြီးတဲ့မီးခံသေတ္တာလျှို့ဝှက်နံပါတ်အထိ မှတ်ထားခိုင်းခဲ့ပါတယ်။
ဒီလိုနဲ့သူတို့တွေ အပေးအယူလုပ်တဲ့ကိစ္စကြားမှာ ရဲတွေရော ပြိုင်ဘက်ရုရှားဂိုဏ်းတွေပါ ပါဝင်ပက်သက်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲ။ အရေးအကြီးဆုံးနံပါတ်ကို တစ်ယောက်တည်းသိထားသူဖြစ်တဲ့ မေတစ်ယောက် အန္တရာယ်အများဆုံးနေရာကနေ လွတ်မြောက်နိုင်ပါ့မလား။
Jason Stathamရဲ့ရုပ်ရှင်ကားဖြစ်လို့ သေနတ်ပစ်ခန်း အမိုက်စားတွေ၊ တိုက်ခိုက်ခန်းအလန်းစားတွေနဲ့ အက်ရှင်ကားပရိသတ်တွေ အကြိုက်တွေ့စေမယ့် ကားလေးတစ်ကားပါပဲ။
0 comments:
Post a Comment