Reign of Fire (2002)


 

Rating : 6.2/10
Country : United State
Genre : Action, Adventure, Fantasy
Cast : Matthew McConaughey, Christian Bale, Izabella Scorupco
Released Date : 2002
Duration : 1h 41min

အညွှန်း
 ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းတစ်ခုလုံးမှာ စွန့်စားခန်းတွေနဲ့မို့ ရင်ဖိုဖို ကြည့်ရမယ့် အရမ်းကြည့်လို့ကောင်းတဲ့ Regin of fire ဆိုတဲ့ ဇာတ်ကားကောင်းလေးပါဘဲ ပရိတ်သတ်ကြီးရေ …
ဒီကားထဲမှာပါတဲ့ မင်းသားတွေကတော့ Fighter တွေချည်းပဲနော် မကြည့်ရသေးရင် ဒေါင်းသာကြည့်လိုက်ကြပေတော့

တစ်နေ့မှာ ကွင် ဟာ သူ့အမေ အလုပ်လုပ်နေတဲ့ ‌မြေအောက်လိုဏ်ခေါင်းထဲကို လိုက်သွားခဲ့ပါတယ် ၊လိုဏ်ခေါင်းထဲကို လျှောက်ကြည့်တဲ့အခါမှာတော့ ကြောက်စရာကောင်းလှတဲ့ နဂါးကြီးတစ်ကောင်ရှိနေတာကိုတွေ့ခဲ့တယ် ၊ ကွင် နဲ့ သူ့အမေဟာ နဂါးကြီးလက်ကနေ လွတ်မြောက်ဖို့ကြိုးစားရင်း အသက်၁၂ နှစ်အရွယ်ဘဲရှိသေးတဲ့ကောင်လေး ကွင် ဟာ သူ့အမေကို ဆုံးရှုံးလိုက်ရရှာတယ်

နောက်နှစ်၂၀ ကြာပြီးတဲ့အခါမှာတော့ နဂါးတွေဟာ မြို့တွေအားလုံးကိုမီးရှို့ဖျက်စီးခဲ့ကြတယ်။ ကွင် ဟာ သူ့ရဲ့လူတွေကို နဂါးအန္တရာယ်ကနေ လွတ်မြောက်အောင် လုံခြုံတဲ့မြေအောက်ရဲတိုက်ကြီးတစ်ခု ဆောက်လုပ်ပေးတယ် ။ တစ်ရက်မှာတော့ နဂါးနှိမ်နင်းရေးသမားခေါင်းဆောင် Van Zan နဲ့ Alex တို့ ရောက်လာကြတယ် အတူတူ ပူးပေါင်းပြီး နဂါးအန္တရာယ်ကလွတ်မြောက်အောင် စွန့်စွန့်စားစား အသက်ပေးပြီး ဘယ်လိုတိုက်ခိုက်နှိမ်နင်းကြတယ်ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ဆက်လက် ကြည့်ရှုပေးပါဦးပရိတ်သတ်ကြီးရေ

0 comments:

Post a Comment