Panjaa (2011)


 

Rating : 6.5/10
Country : India
Genre : Action, Thriller
Cast : Pawan Kalyan, Sarah-Jane Dias, Anjali Lavania 
Released Date : 2011
Duration : 2h 36min

အညွှန်း
အသက်ရှစ်နှစ်အရွယ်မှာ သူ ့ရဲ့အမေရယ် သူ့အမရယ်နဲ့ ကာလ်ကတ္တားကို အခြေချဖို ့ရောက်လာတဲ့ မိသားစုလေးထဲက ကောင်လေးတစ်ယောက်. . . သူ ့နာမည်က ဂျေး(Pawan Kalyan)တဲ့. . . ခေတ်ပျက်ကြီးထဲက နွမ်းပါးတဲ့ဘဝတွေကြားမှာ အသက်ရှင်ရပ်တည်ဖို ့ ရုန်းကန်ကြရင်း အမဲဖြတ်မယ့်ကျားတွေကလည်း သူ ့အမေနဲ့ သူ့အမကို သွားရည်တမြမြနဲ့ ချောင်းမြောင်းပြီး ကံဆိုးမိုးမှောင်ကျတဲ့ တစ်နေ့တော့ နှစ်ယောက်လုံးဟာ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံလိုက်ရတယ်. . . သတ်တဲ့လူတွေကို သိပေမယ့် အသက်အရွယ်ကငယ်... အားအင်က မရှိတော့ အံကြိတ်ပြီးဘဝကို ရင်ဆိုင်နေရချိန် သူ ့ကိုကယ်တယ်ဖို ့ရောက်လာသူက မြေအောက်ဂိုဏ်းတစ်ခုက လက်မရွံ ့ လုပ်ကြံရေးသမားကြီး "ဘဝဝမ်"(Jackie Shroff) "ဂျေး" ကို ဖေးမ,အားအင်တွေပေးပြီး သူ ့အမေနဲ့ သူ ့အမကို မတရားကြံစည်သတ်ဖြတ်သွားသူတွေကို လက်စားချေဖို ့ ကူညီပေးလိုက်တဲ့အနောက်မှာတော့. . .ဂျေးဟာ. . .ဘဂဝမ်အတွက် သေဆိုသေ ရှင်ဆိုရှင်မယ့် ကျေးဇူးရှင် မွေးဖခင်သဖွယ်ဖြစ်လာခဲ့တယ် ဘဂဝမ်ရဲ့ တရားမဝင်လုပ်ငန်းတွေကို ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်ပေးတတ်တဲ့ ဂျေးဟာ. . .ဘဂဝမ်အတွက် အားကိုးလောက်တဲ့ လက်ရုံးတစ်ယောက်. . .ဘဂဝမ်ရဲ့ အရိပ်သဖွယ်ဖြစ်လာခဲ့တယ်. . . တစ်နေ ့. . .8နှစ်ကြာအောင် အမေရိကားမှာ ပညာတော်သင်သွားနေတဲ့ ဘဂဝမ်ရဲ့သား "မူနာ"(Adivi Sesh). ပြန်ရောက်လာခဲ့တော့ ဘဂဝမ်ဟာ ဂျေးဆီမှာ ကတိတစ်ခုတောင်းခဲ့တယ်. . . သူ ့အတွက် အရိပ်တစ်ခုဖြစ်ပေးနိုင်သလို သူ ့သားမူနာအတွက်ရော အရိပ်သဖွယ်ဖြစ်ပေးနိုင်မလားတဲ့. . . မူနာက သူဌေးသား ဂန်းစတားရဲ့သားပီပီ စရိုက်ဆိုးတယ်. . . သူဖွင့်ထားတဲ့ ကလပ်မှာ ငယ်ငယ်ကတည်းက ဂျေးနဲ့ အတူတူကြီးပြင်းလာခဲ့တဲ့ ကလပ်မယ် "ဂျာနဗီ"(Anjali Lavania)ဆိုတဲ့ sexyဖြစ်တဲ့ အကမယ်လေးတစ်ယောက်ရှိတယ်. . .အကမယ်လေးက ဂျေးကို ငယ်ငယ်ကတည်းက ချစ်ကြိုက်ခဲ့ရပေမယ့်. . .ဂျေးကတော့ ညီမလေးတစ်ယောက်လို သဘောထားခဲ့သူလေး. . . "မူနာ"တစ်ယောက် "ဂျာနဗီ"ကို တွေ့ကတည်းက အပိုင်သိမ်းချင်စိတ်တွေပေါ်နေပေမယ့် ဂျာနဗီက အကပ်မခံတာကြောင့် မခံမရပ်နိုင်ဖြစ်နေရတယ်. . . တစ်ဖက်မှာလည်း သူ့အဖေဂိုဏ်းမှာလုပ်နေတဲ့ "ဆမ်ဘား"ကို စော်ကားမော်ကားလုပ်ခဲ့သေးတော့ "ဆမ်ဘားဟာ" ဘဂဝမ်ရဲ့ ပြိုင်ဖက် "ကူလ်ကာနီ"ဆီမှာ ခိုလှုံသွားတဲ့အခါ သူ ့အဖေဘဂဝမ်ကို ကုန်းချောစကားပြော "ဆမ်ဘား"ကို ရှင်းခိုင်းတယ်. . . တော်ရုံလူ မဝင်ရဲတဲ့ ကူလ်ကာနီရဲ့နယ်မြေထဲကို ဂျေးတစ်ယောက် ရဲရဲဝံ့ဝံ့ ဝင်သွားပြီး ဆမ်ဘားကို ခေါ်ခဲ့ဖို ့လုပ်ပါတယ်. . . ဒါကလည်း သူ့မှာ ပိုင်ကွက်ရှိလို့ပါ. . .ကူလ်ကာနီရဲ့လက်ထောက်တစ်ယောက်မှာ သားတစ်ယောက်ရှိတော့ အဲ့ဒီကောင်လေးကို ပြန်ပေးဆွဲ ဓားစာခံလုပ်ပြီး မူနာ့ကလပ်မှာထားခဲ့တာပါ ကံဆိုးချင်တော့ သူနဲ့ ဂျာနဗီတို ့ ကြိုက်နေကြတယ်ဆိုပြီး ဂိုဏ်းတူအဖွဲ ့သားတွေရဲ့ ကုန်းချောစကားကြောင့် မူနာတစ်ယောက် အူနုကိုကျွဲခတ်ပြီး ဓားစာခံဖမ်းထားတဲ့ ကောင်လေးကို သတ်ပစ်လိုက်တယ် တစ်ဆက်တည်း ဂျေးရဲ့အခန်းထဲမှာ ရှိတဲ့ ဂျာနဗီကိုပါ သတ်ပစ်လိုက်ချိန် အပေးအယူပျက်ပြီး ကူလ်ကာနီတို ့နဲ့ ပစ်ကြခတ်ကြရင်း အိမ်ပြန်ပြေးလာတဲ့ ဂျေးနဲ့ ထိပ်တိုက်တွေ့တော့တာပါပဲ. . . ဂျာနဗီကို ရက်ရက်စက်စက်သတ်နေတာမြင်တော့ ဂျေးတစ်ယောက်ပေါက်ကွဲပြီး မူနာ့ကို သတ်ပစ်လိုက်တယ်. . . ဒီလိုနဲ့ ဂျေးနဲ့ ဘဂဝမ် ထိပ်တိုက်တွေ့ဖို ့အကြောင်းဖန်လာခဲ့တယ်. . . ဂျေးတစ်ယောက် ဘဂဝမ်ရဲ့လက်က ပြေးလို့လွတ်နိုင်မလား ဘဂဝမ်ကရော ဂျေးကို လက်စားချေဖို့ ဘယ်လိုကြိုးစားမလဲဆိုတာ. . .အစကနေ အဆုံးသတ်အထိ တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားမယ့် ကားလေးမို ့ မလွတ်တမ်းအားပေးကြဖို ့ တိုက်တွန်းလိုက်ကပါကြောင်း. . .

0 comments:

Post a Comment