Over the Moon (2020)


 

Rating : 6.8/10
Country : United State
Genre : Animation, Adventure, Comedy 
Cast : Glen Keane, Brycen Hall, Ruthie Ann Miles
Released Date : 2020
Duration : 1h 35min

အညွှန်း
တရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများ
သိကြမှာပါ။ ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဖေးဖေးတို့မိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေးဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေးကလည်း ယုံကြည်သူပါ။ ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကိုလက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။ ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို့ အကြောင်းဖန်လာခဲ့ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့အဖေကို အပြစ်တင်နေခဲ့ပြီး ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို့ သူ့အဖေနောက်အိမ်ထောင်ကိုတားဆီးနိုင်ဖို့ လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို့ ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

0 comments:

Post a Comment