Dreamfactory (2019)


 

Rating : 6.4/10
Country : United State
Genre : Comedy, Romance, Drama
Cast : Emilia Schüle, Svenja Jung, Nikolai Kinski 
Released Date : 2019
Duration : 2h 5min

အညွှန်း
Dream Factoryကားကတော့ Brelin Wallကြောင့်ခွဲခွာလိုက်ရတဲ့ချစ်သူနှစ်ဦးအကြောင်းရိုက်ကူးထားတဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းက
တော့Eimilကစစ်တပ်ကထွက်လာပြီးတော့ သူ့အကိုAlexအလုပ်လုပ်နေတဲ့ရုပ်ရှင်ရိုက်ကွင်းစတူဒီယိုကိုသွားရောက်ပြီး
ဖြတ်လျှောက်အရန်တစ်ယောက်အဖြစ်အလုပ်သွားလုပ်ခဲ့ပါတယ်။
အဲ့ရိုက်ကွင်းမှာနာမည်ကြီးမင်းသမီးရဲ့လူစားထိုးအကသမား Milouကိုတွေ့ပြီး မြင်မြင်ချင်းသဘောကျသွားတော့
Milouပြင်သစ်ကိုပြန်မသွားခင်မနက်မှာချစ်ရေးဆိုဖို့ပြင်ခဲ့ပေမဲ့နိုင်ငံရေးပြသာနာတွေကြောင့်Milouကမရောက်လာနိုင်ခဲ့ဘဲပဲရစ်ကိုပြန်သွားခဲ့ပါတယ်။
Emilတစ်ယောက်ကတော့နိုင်ငံရေးပြသာနာတွေကြောင့်ဘာလင်တံတိုင်းကြီးနောက်မှာဘဲပိတ်မိပြီးကျန်ရစ်ခဲ့တယ်။
Milouကိုဆက်သွယ်ဖို့လိပ်စာလဲမသိ ဖုန်းနံပါတ်လဲမသိတဲ့Emilတစ်ယောက် မှာMilouလူစားထိုးပေးရတဲ့မင်းသမီးDEFA Studioမှာ
ရုပ်ရှင်လာရိုက်ဖို့Karl Bobobmanဆိုတဲ့နာမည်တုကိုသုံးကာဒါရိုက်တာအဖြစ်ဟန်ဆောင်ကာရုပ်ရှင်တစ်ခုရိုက်ကူးဖို့ကြံခဲ့ပါတယ်။
ဘာကတိမှမရှိဘဲလူစားထိုးအကသမားလေးကိုမြင်မြင်ချင်းချစ်မိသွားတဲ့အရန်သရုပ်ဆောင်တစ်ယောက်ဟာသူမကိုပြန်တွေ့ရရုံအတွက်နဲ့ရုပ်ရှင်တစ်ကားကိုဖန်တီးဖို့ကြိုးစားပါတော့တယ်။
Milouနဲ့Emilပြန်တွေ့တဲ့အခါမှာရောMilouကသတိရနေပါအုံးမလား။
သူတို့နှစ်ယောက်ပေါင်းစည်းနိုင်ပါ့မလားဆိုတာစိတ်ဝင်စားစရာကြည့်ရှုရမဲ့ကားလေးပါ။

0 comments:

Post a Comment