Tubelight (2017)

Rating : 4.0/10
Country : India
Genre :  Drama, War 
Cast :     Salman Khan, Sohail Khan, Om Puri 
Released Date : 2017
Duration:  2h 16min

အညွှန်း
……..ယုံကြည်မှုရှိတာ သိပ်ကောင်းတယ်

ဒါပေမဲ့ ယုံကြည်မှုနဲ့တော့

အထူးအဆန်းတွေ မဖြစ်လာနိုင်ဘူး

တကယ်လို့ ကိုယ်မဖြစ်စေချင်တဲ့ အရာ တစ်ခုခု ဖြစ်လာခဲ့ရင် ...

ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတယ်လို့ မထင်မှတ်ပါနဲ့

ငါတို့ ယုံကြည်တယ် လက်ဇ်မန်း

ဘာဟ်ရသ် ပြန်လာလိမ့်မယ်လို့ ယုံကြည်ချက် ထားပါ

ငါ့ အဖေ ပြန်လာလိမ့်မယ်လို့ ယုံကြည်ချက်ထားပါ်

တစ်နေ့ကျရင် ဒီသွေးချောင်းစီးနေတဲ့

တိုက်ပွဲ ရပ်တန့်သွားလိမ့်မယ်လို့ ယုံကြည်ချက်ထားပါ………."

ဒီဇာတ်ကားလေးကို တင်ချင်နေတာကြာပါပြီ ခုမှ အားလို့ တင်လိုက်တာပါ ဒီထက်ကြည်တာ ထွက်ရင် ထပ်တင်ပေးပါဦးမယ် ကျွန်တော်တော့ ကြိုက်တယ်ဗျာ….

Tubelight (2017) သည် Facebook 4.6/5 Google users 69 % ဒါရိုက်တာ Kabir Khan

ရိုက်ကူးထား၍ Kabir Khan , Parveez Sheikh က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Salman Khan, Sohail Khan, Om Puri တို့ ပါဝင်သရုပ်ဆောင်ထားသော Drama, War ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…

၁၉၆၂ တရုတ်-အိန္ဒိယစစ်ပွဲဖြစ်ခဲ့တုန်းက ညီအစ်ကိုနှစ်ယောက်ရဲ့ ဇာတ်လမ်းလေး ညီက နယ်စပ်က စစ်ပွဲမှာ စစ်တိုက်နေရချိန်မှာ အစ်ကိုက သူ့ရဲ့ ကိုယ်ပိုင်ကမ္ဘာမှာ စစ်ပွဲ ဆင်နွှဲနေရရာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါခင်ဗျာ…


 

0 comments:

Post a Comment