Rating : 5.6/10
Country : United State
Genre : Action, Mystery, Thriller
Cast : Anne Heche, Thomas Jane, Jason Patric
Released Date : 2020
Duration : 1h 35min
Country : United State
Genre : Action, Mystery, Thriller
Cast : Anne Heche, Thomas Jane, Jason Patric
Released Date : 2020
Duration : 1h 35min
အညွှန်း
ပျော်ပွဲစားကားစီးတဲ့ခရီးတစ်ခုကို ထွက်လာတဲ့ မိသားစုတစ်စု ၊ ထိုမိသားစုမှာ တေလာ လို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ရှိပါတယ်။
ကားပေါ်မှာ သီချင်းလေးတွေဆိုလိုက် စကားစမြည်လေးတွေပြောလိုက်နဲ့ ပျော်ရွှင်နေကြတာပေါ့။ ဒီလိုနဲ့ပဲ ပျော်ပွဲစားထွက်မယ့်နေရာကို ရောက်သွားပါတယ်။
သူတို့လိုပဲ ပျော်ပွဲစားထွက်လာတဲ့ စုံတွဲတစ်တွဲလည်း အဲ့နေရာမှာ ရှိနေပါတယ်။ ရေကန်ကို ရောက်ရင် တေလာနဲ့အတူ သူမအဖေဖြစ်သူ ပေါလ် တို့ ငါးသွားမျှားဖို့စီစဉ်ထားကြတာပါ။
သို့သော်…..ငါးသွားမျှားတော့မယ့်အချိန်ရောက်တော့ သူ့သမီးလေး ကားပေါ်မှာရော အနီးနားမှာပါ မရှိတော့ပါဘူး။ ရဲကိုအကြောင်းကြားပြီးလိုက်ရှာသော်ငြားလည်းပဲ မတွေ့ခဲ့ပါဘူး။
ဖြစ်ချင်တော့ သူတို့သမီးလေးပျောက်တဲ့အချိန်မှာပဲ ထောင်ပြေးတစ်ယောက် လွတ်သွားတယ်ဆိုတဲ့သတင်းကြားခဲ့ရပါတယ်။
အာ့နဲ့ပဲ အမေဖြစ်သူ ဝင်ဒီဟာ ဆောက်တည်ရာမရဖြစ်ပြီး သမီးလေးကိုထွက်ရှာပါတော့တယ်။ အဲ့အချိန်မှာ မီးပုံတစ်ခုကိုတွေ့ပြီး ရှေ့သွားကြည့်ကာ လက်မှာဒဏ်ရာရနေတဲ့လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်။
ထောင်ပြေးဟုထင်မှတ်ပြီး သူ့အနားဖြေးဖြေးသွားတာ သေနတ်နဲ့ ချိန်လိုက်တဲ့အခါမှာ အဲ့ဒီလူ နိုးလာပြီး ရုန်းရင်းဆန်ခတ်နှင့် မတော်တဆ သတ်မိသွားခဲ့ပါတယ်။
နောက်နေ့မနက် ရဲတွေရောက်လာတော့ ထောင်ပြေးဟာ သက်သက်ရှိနေပြီး မနေ့ကလူဟာ သာမန်တောတွင်းစွန့်စားသူဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ သူတို့သမီးကို ရှာတွေ့မလား။ သူတို့လင်မယားနှစ်ယောက် ဘာတွေရင်ဆိုင်ရအုန်းမလဲ။
တကယ့်အမှန်တရားကကော ဘာများဖြစ်မလဲဆိုတာ သိချင်ရင် ကိုယ်တိုင်သာကြည့်ရှုလိုက်ပါနော်။ Action ရယ် Mystery နဲ့ Thriller အမျိုးစား ပါဝင်တဲ့ဇာတ်ကားဖြစ်လို့ ရုပ်ရှင်ပြီးသည်အထိ အဖြေရှာရင်း စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။
0 comments:
Post a Comment