The Sense of an Ending (2017)

Rating : 6.3/10
Country : United State
Genre :  Drama, Mystery
Cast :  Jim Broadbent, Charlotte Rampling, Harriet Walter
Released Date : 2017
Duration:  1h 48min

အညွှန်း
The sense of an ending
Lionsgate နဲ့ CBS Film တို့ကနေ ဖြန့်ချီထားတဲ့
ဒီဇာတ်ကားဟာ julian barnes ရဲ့ ၂၀၁၁ ခုနှစ်မှာ The Man booker prize ဆုရခဲ့တဲ့ The sense of an ending ဝတ္ထုကို Nick Payne က ဇာတ်ညွှန်းခွဲပေးထားပြီး ဒါရိုက်တာ Ritesh Batra က ရိုက်ကူးခဲ့ပါတယ်…
ဒါရိုက်တာဟာလည်း ဒီဇာတ်ကားနဲ့ပဲ ၂၀၁၇ ခုနှစ်အတွက် ကျင်းပခဲ့တဲ့ California မှာကျင်းပခဲ့တဲ့ Palm Springs International Film Festival မှာ
Director to Watch ဆုကို ရရှိခဲ့ပါတယ်

ဇာတ်လမ်းလေးက Tony(Jim Broadbent) ဆိုတဲ့ လူတယောက်ဆီ စာလေးတစောင်ရောက်ရှိလာရာကနေ အစပြုပြီး သူ့ငယ်ဘဝနဲ့ သူ့သူငယ်ချင်းတွေရဲ့ ဆက်စပ်မှုတွေဆီ ဖြည်းဖြည်းချင်းဆွဲခေါ်သွားမှာပါ

ငယ်စဉ်က Tony မှာ Veronica Ford လို့ခေါ်တဲ့ ချစ်သူတယောက်ရဲ့ ရှိခဲ့ဘူးပြီး
ချစ်သူနဲ့ပတ်သတ်လို့ ကြားရတဲ့သတင်းအပေါ် စိတ်လိုက်မာန်ပါတုံ့ပြန်ခဲ့ပါတယ်

အဲဒီတုံ့ပြန်မှုဟာ အသက်အရွယ်ရလာချိန်မှာ ဘယ်လိုတန်ပြန်သက်ရောက်လာတယ်ဆိုတာရယ်
ကြမ္မာရဟတ်တပတ်လည်လာတဲ့သဘောရယ်
ဘဝအပေါ်မှာ သူတို့ရှုမြင်ကြပုံတွေရယ်ကို တွေးစရာ ဆွေးစရာဖြစ်အောင် ဒါရိုက်တာ Batra က လက်စွမ်းပြရိုက်ကူးထားပါတယ်

ဒီဇာတ်လမ်းက Mystery Drama အမျိုးအစားဖြစ်လို့ ဒရာမာဇာတ်လမ်းကောင်းကြိုက်နှစ်သက်သူတွေ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်လမ်းကောင်းတပုဒ် ဖြစ်ပါတယ်


 

0 comments:

Post a Comment