The Secret Mission (2019)


 

Rating : 6.0/10
Country : Korea
Genre : Comedy, History, Drama
Cast : Hae-Jin Yoo, Kyung-ho Yoon, Hong-pa Kim 
Released Date : 2019
Duration : 2h 15min

အညွှန်း
The serect missionကားမှာတော့ဂျပန်လက်အောက်ကျရောက်နေတဲ့ကိုရီးယားနိုင်ငံအခြေအနေကိုရိုက်ပြထားတာဖြစ်ပါတယ်။
ဂျပန်ကိုလိုနီတွေက ကိုရီးယားလူမျိုးတွေမျိုးချစ်စိတ်ပပျောက်ရေးအတွက်ကျောင်းတွေမှာ ကိုရီးယးဘာသာစကားကိုပိတ်ပင်ကိုရီးယားအတန်းတွေကိုဖျက်သိမ်းကိုရီးယားဆရာတွေကိုထောင်ချမှုတွေပြုလုပ်ခဲ့ပါတယ်။
ကိုရီးယားဘာသာစကားအဖွဲ့ကတော့ကိုရီးယားဘာသာစကားမပပျောက်ရေးအတွက်ကိုရီးယားအဘိဓာန်ကိုပြုစုခဲ့ပါတယ်။
ဒီကားကတော့ကိုရီးယားအဘိဓာန်ကိုဘယ်လိုအခက်အခဲတွေကြားကနေပြုစုခဲ့ရသလဲဆိုတဲ့အကြောင်းကိုရိုက်ပြထားတာဖြစ်တယ်။ဇာတ်လမ်းလေးကတော့
Kim pansuကစာမတတ်တဲ့ကျပန်းအလုပ်သမားတစ်ယောက်ဖြစ်တယ်။
ရုပ်ရှင်ရုံကအစောင့်အလုပ်ပြုတ်ပြီးမှာတော့သားဖြစ်သူDeokjinရဲ့ကျောင်းလခအတွက်ကြောင့်ခါးပိတ်နှိုက်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။
သူကရထားဂိတ်မှာတွေ့တဲ့Ryujangwanရဲအိတ်ကိုလုပြေးနိုင်ခဲ့ပေမဲ့သူရဲ့အိမ်လိပ်စာပါဖြတ်ပိုင်းကတော့ကျကျန်ခဲ့ပါတယ်။
Ryu jangwanကသူ့အိမ်ထိလိုက်လာပြီးအိတ်ကိုပြန်ယူချိန်မှာတော့ သူကကိုရီးယားဘာသားစကားအဖွဲ့ခေါင်းဆောင်ဖြစ်နေမှန်းသိခဲ့ရပါတော့တယ်။
အခြေအနေအမျိုးမျိုးကြောင့်စာမတတ်တဲ့Kim pan suwတစ်ယောက်
ကိုရီးယားဘာသာစကားအဖွဲ့မှာအလုပ်လုပ်ဖို့ဖြစ်လာသောအခါ
ဘယ်လိုမျိုးတွေဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပါတယ်။

0 comments:

Post a Comment