Oppam (2016)

Rating : 7.4/10
Country : India
Genre :   Action, Crime, Thriller
Cast : Mohanlal, Samuthirakani, Anusree
Released Date : 2017
Duration:  2h 20min

အညွှန်း
Oppam(2106) သည် IMDb 7.7 ရထားပြီး လူကြိုက်အရမ်းများသော Malayalam ကားလေးတစ်ကား ဖြစ်သည်။
မင်းသားကြီး Mohanlal မှ မျက်မမြင် Romaettan အဖြစ် ပီပြင်စွာသရုပ်ဆောင်ထားသည်။ ကြည့်ရင်းကြည့်ရင်း တကယ်ဆို့နင့်လာအောင် ခံစားသွားစေရမည်။ မုဒိန်းမှုကြောင့် ထောင်ကျခဲ့သော ဗာစုဆိုသော လူငယ်တစ်ယောက်သည် သူ့ပြစ်မှုကြောင့် တစ်သက်သာထောင်ကျခဲ့ရာ သူ၏မိသားစုမှ ရှက်လွန်း၍ မိသားတစ်စုလုံး သေကြောင်းကြံစည်ခဲ့လေသည်။ ထိုသို့ တစ်မိသားစုလုံး သေရသဖြင့် စိတ်ရူးသွပ်သွားရာမှ မှုခင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချခဲ့သူတိုင်းကို တစ်ယောက်ချင်းလိုက်သတ် လက်ညှိုးကို ဖြတ်ခဲ့သည်။ နောက်ဆုံးတရားသူကြီးနှင့် သူ၏သမီးလေး သာ ကျန်တော့ချိန်တွင် မျက်မမြင် Ramaettan မှ တရားသူကြီးကို လူသတ်သမား သတ်ပြီးသည့်နောက် နည်းမျိုးစုံကာကွယ်ခဲ့ပုံ ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှုရပေမည်။ ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော မျက်မမြင် Romaettan သည် သူ၏ စိတ်စွမ်းအင်ကို ထုတ်သည့်အချိန်တွင် ရဲများအုပ်စုလိုက် ဉာဏ်နီဉာဏ်နက်များသော လူသတ်သမားကို ဘယ်လို ရင်ဆိုင်မည်ကို ဇာတ်ကားမှ ဆက်လက်ခံစားကြည့်ရှုကြည့်ပါခင်ဗျား……


 

0 comments:

Post a Comment