One Winter Weekend (2018)



Rating : 6.7/10
Country : United State
Genre : Drama, Family, Romance 
Cast : Taylor Cole, Jack Turner, Rukiya Bernard 
Released Date : 2018
Duration : 1h 24min

အညွှန်း
Romanceချစ်သူတို့အတွက်ဆောင်းရာသီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ“ကယ်ရာ”ဟာ အမျိုးသမီးမဂ္ဂဇင်းတစ်ခုရဲ့relationship ကဏ္ဍက စာရေးဆရာမတစ်ယောက်သူလုပ်ရတဲ့အလုပ်က datingနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊
dating stories လေးတွေကို ဆောင်းပါးတွေရေးပေးရတာပါဒီလိုအချစ်အကြောင်းတွေရေးနေတဲ့စာရေးဆရာမလေးကိုယ်တိုင်ကတော့ပျော်ရွှင်စရာနယူးယားညလေးမှာသူ့ရည်စားအသစ်စက်စက်လေးဖောက်ပြန်တာကိုခံလိုက်ရတဲ့အခါမှာတော့ လက်တလောလုံးဝရည်းစားမထားတော့ဘူးဆိုပြီး သန္ဓိဌာန်ချလိုက်ပါတော့တယ်ဒီလိုနဲ့မဂ္ဂဇင်းတိုက်ရဲ့ဘော့စ်ကြီးက ဆင်ဂယ်ဖြစ်နေရင်ရေးစရာကုန်ကြမ်းမရှိပဲနေမယ်ဆိုပြီးကယ်ရာ့အချစ်ဆုံးသူငယ်ချင်း “မက်ဂန်”သွားမဲ့နှင်းလျှောစီးခရီးစဥ်မှာ ကယ်ရာ့ကိုပါထည့်ပေးလိုက်တဲ့အခါOne winter weekend ဆိုတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာပါတော့တယ်ကံကြမ္မာအကြောင်းဖန်တော့ နှင်းလျှောစီးကွင်းမှာသူတို့တည်းဖို့ငှားထားတဲ့အိမ်ကို “ဘန်”နဲ့”ရှန်း”ဆိုတဲ့သူငယ်ချင်းကောင်လေးနှစ်ယောက်ကလည်းငှားပြီးသားဖြစ်နေလေရဲ့ဟိုတယ်တစ်ခုတည်းမှာ တည်းနေတာချင်းတူတူ ဘန်တို့ကိုမှလက်ဆောင်ခြင်းတွေပို့လိုက်၊ နှင်းလျှောစီးဘုတ်တွေပို့လိုက်နဲ့ဆိုတော့လျှို့ဝှက်ဆန်းကြယ်တွေကိုဖြေရှင်းရတာကြိုက်တဲ့ကယ်ရာတစ်ယောက် ဘန့်ရဲ့သရုပ်မှန်ကိုသိချင်လာပါတော့တယ်ဘန့်ရဲ့ဖုံးကွယ်ထားတဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲဘန့်ရဲ့အဲ့ဒီအချက်ကရော သူတို့နှစ်ယောက်ရဲ့relationshipအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမှာလဲရည်းစားမထားခြင်းအနုပညာဆိုတဲ့ဆောင်းပါးကိုရေးနေတဲ့ကယ်ရာကရော တကယ်ပဲတစ်ကိုယ်တည်းခရီးဆက်တော့မှာလား…ဆိုတာတွေအပြင်ဒီဇာတ်လမ်းလေးကိုပိုပြီးအသက်ဝင်စေတာကတော့ကနေဒါတောင်တန်းတွေရဲ့ နှင်းဖုံးနေတဲ့အလှလေးပါပဲPure romance storyline လေးရယ်ဇာတ်ဆောင်နှစ်ယောက်လုံးက စာအုပ်တွေကိုချစ်တတ်တဲ့သူဖြစ်နေတာရယ်မင်းသားနဲ့မင်းသမီး တောင်ပေါ်ကို cableနဲ့တက်တဲ့အခန်းမှာပြောတဲ့ ဒိုင်ယာလော့လေးတွေ၊ လှပတဲ့ရှုခင်းလေးတွေရယ်Best friend တွေကြားကသံယောဇဥ်တွေ၊ တစ်ယောက်ဘဝကိုတစ်ယောက်မြှင့်တင်ပေးပုံလေးတွေရယ် etc.တွေကြောင့်Romance ချစ်သူတွေအတွက်တော့ ကနေဒါနှင်းတောင်တန်းတွေဆီစိတ်ကူးနဲ့အလည်သွားရင်း အေးအေးချမ်းချမ်းလေးကြည့်လို့ကောင်းမဲ့ ကားလေးတစ်ကားပါပဲ

0 comments:

Post a Comment