Rating : 7.8/10
Country : United State
Genre : Biography, Drama, History
Cast : Matthew Broderick, Denzel Washington, Cary Elwes
Released Date : 1989
Duration : 2h 2min
Country : United State
Genre : Biography, Drama, History
Cast : Matthew Broderick, Denzel Washington, Cary Elwes
Released Date : 1989
Duration : 2h 2min
အညွှန်း
ဇာတ်လမ်းနာမည် ဂလိုရီ ဆိုတာကတော့ ဂုဏ်ကျက်သရေရှိတဲ့ အောင်မြင်မှုလို့ ဆိုလိုပါတယ်။ အမေရိကန် ပြည်တွင်းစစ် ကာလက တိုက်ပွဲတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။
လူမည်းတွေ ကျွန်ဘဝက ကင်းလွတ်ခွင့်အမိန့်ကို သမ္မတ လင်ကွန်းက ထုတ်ပြန်ပြီးနောက် ပထမဆုံး လူမည်း တပ်ရင်းတစ်ခု ဖွဲ့စည်းခွင့် ပေးလိုက်ပါတယ်။ မက်ဆာချူးဆက် တပ်ရင်း (၅၄) ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ လူဖြူစစ်သားတွေကလည်း လူမည်းတွေကိုအထင်မကြီးသလို လက်ထဲကို သေနတ်အပ်ဖို့လည်း မယုံကြည်နိုင်သေးပါဘူး။ ပိုဆိုးသွားတာက တောင်ပိုင်းစစ်တပ်က မြောက်ပိုင်းက ဝင်တိုက်တဲ့ လူမည်းမှန်သမျှ သေဒဏ်ပေးမယ်လို့ ကြေညာစာတမ်း ထုတ်လိုက်တာပါပဲ။ အဲဒီအချိန်မှာ တပ်ရင်းမှူး က ထွက်လိုက ထွက်နိုင်ပြီလို့ ကြေညာခဲ့ပေမယ့် တစ်ယောက်မှ လျော့မသွားခဲ့တဲ့ တပ်ရင်းပါ။ ဒါပေမယ့် တပ်ရင်းတစ်ခုလုံးက စစ်မတိုက်ရသလို ဗြူဟာမှူးကိုယ်တိုင်က အလုပ်ကြမ်းတွေပဲ ခိုင်းထားပြီး နှိမ်ထားခဲ့ပါတယ်။ ဒါကို မခံနိုင်တဲ့ တပ်ရင်းမှူးက နောက်ဆုံးမှာ သမ္မတ လင်ကွန်းအထိ စာတင်ပြီး၊ ဗြူဟာမှူးရဲက နှိမ်ထားခဲ့ပါတယ်။ ပြည်တွင်းစစ်ကို အကြောင်းပြ ချမ်းသာအောင် စီးပွားရှာနေတဲ့အချက်နဲ့ အကြပ်ကိုင်ပြီး စစ်တိုက်ခွင့်တောင်းယူခဲ့ရပါတယ်။ အဲဒီလူမည်းတပ်ရင်းရဲ့ နာမည်ကျော် ဝက်ဂ်နာ ခံတပ်သိမ်း တိုက်ပွဲ အကြောင်းပါပဲ။ တိုက်ပွဲမှာ တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ဝက်လောက် ကျဆုံးခဲ့သလို နိုင်လည်းမနိုင်ခဲ့ပါဘူး။ စတိုက်ကတည်းကလည်း သေမယ်မှန်း သိကြပါတယ်။ ဒါပေမယ့် လူမည်းတွေ လွတ်လပ်ဖို့ဆိုတဲ့ ယုံကြည်ချက်အတွက် အသေခံသွားကြတာပါပဲ။ အဲဒီ တိုက်ပွဲသတင်းကြောင့် လွှတ်တော်က တစ်နိုင်ငံလုံးက လူမည်းတွေကို တပ်ထဲဝင်ခွင့်ပေးလိုက်ပြီး ဝင်ရောက်လာသူ လူမည်း ၁၈၀၀၀၀ ကျော် ရှိခဲ့ပါတယ်။ နောက်ဆုံးမှာ ပြည်တွင်းစစ်ကို အနိုင်ရခဲ့ပါတော့တယ်။ စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့ အနိုင်အရှုံးပေါ်အောင် တိုက်မယ့် စစ်ပွဲတစ်ခုသာဖြစ်ရင် သေပဲ သေသေ ရှုံးပဲရှုံးရှုံး တန်ဖိုးရှိတယ်ဆိုတာကို ပြသလိုက်တဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဒန်ဇယ်ဝါရှင်တန်၊ မော်ဂန်ဖရီးမန်၊ မက်သရူး ဘရိုဒရစ်တို့ ခေါင်းဆောင်ပါဝင်ထားပါတယ်။ အားလုံး ခံစားကြည့်နိုင်ပါပြီ။
0 comments:
Post a Comment