Get Duked! (2019)


 

Rating : 6.2/10
Country : United State
Genre : Action, Comedy, Horror
Cast : Eddie Izzard, Kate Dickie, James Cosmo
Released Date : 2019
Duration : 1h 27min

အညွှန်း
တောထဲမှာစခန်းချကြမယ့် ကောင်လေးလေးယောက်ရဲ့ မထင်မှတ်ဘဲ တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုဖော်ပြထားတာဖြစ်ပါတယ်

ဒီကောင်လေးလေးယောက်က အက်ဒင်ဘရာဇာတ်ဆောင်ဆုဆိုတဲ့ လူငယ်တွေကိုအမြင်မှန်ရစေဖို့ စည်းလုံးစေဖို့ ကိုယ့်အားကိုကိုးတတ်ဖို့စေတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ထားတဲ့ဆုကို ရအောင်လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်

အက်ဒင်ဘရာဇာတ်ဆောင်ဆုကကျောင်းတွေမှာ ဆိုးသွမ်းတဲ့လူငယ်တွေကို ကောင်းမွန်အောင်ပြုပြင်ပေးဖို့လုပ်ထားတဲ့ စခန်းချတဲ့ခရီးတစ်ခုလည်းဖြစ်ပါသေးတယ်

ဒီကားထဲမှာလည်း ကျောငထးဆိုးသွမ်းတဲ့လူငယ်သုံးယောက်က ဒီစခန်းကိုအပြစ်ပေးရတဲ့သဘောမျိုးရောက်လာတာဖြစ်ပြီး နောက်တစ်ယောက်ကတော့သူကိုယ်တိုင်ကိုလိုလိုလားလားနဲ့ ဆုလိုချင်လို့ခရီးပါလိုက်ပါတာပါ

ဒီခရီးကရိုးရိုးတန်းတန်း မြေပုံတစ်ခုနဲ့ခရီးသွားမယ် စခန်းချမယ် ဆုယူမယ်ဆိုပြီး လွယ်လွယ်ကူကူထင်ထားခဲ့ပေမယ့် ကောင်လေးတွေဆီမှာ မထင်ထားလောက်တဲ့ သက်စွန့်ဆံဖျားကိစ္စတွေဖြစ်လာပါတော့တယ်

ကောင်လေးတွေက ဆုကိုယူနိုင်မှာလား တောထဲတောင်ထဲမှာပဲ လူမသိသူမသိပျောက်သွားတော့မှာလား သူတို့ကစည်းလုံးလာမှာလားဆိုတာကတော့ ဆက်လက်ကြည့်ရှုပေးကြပါ

0 comments:

Post a Comment