Critical Thinking (2020)


 

Rating : 6.1/10
Country : United State
Genre : Drama
Cast : John Leguizamo, Rachel Bay Jones, Michael Kenneth Williams 
Released Date : 2020
Duration : 1h 57min

အညွှန်း
ဒီဇာတ်ကားလေးကတော့ဖြစ်ရပ်မှန်ဖြစ်ပြီးတော့ မိုင်ယာမီဂျက်ဆင်အထက်တန်းကျောင်းလေးကနေ
နိုင်ငံတော်အဆင့် ချက်စ်ပြိုင်ပွဲမှာအထိအောင်မြင်မှုရသွားတဲ့ ချက်စ်အသင်းလေးအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ မိန်းမဆုံးသွားကတည်းက စိတ်ဓာတ်ကျတဲ့အဖေနဲ့အတူတူနေနေရတဲ့ ဆက်ဒရစ်အဖေနဲ့အမေကကွာရှင်း အမေနဲ့အတူတူနေတယ်ဆိုပေမယ့်အိမ်မှာ ငွေရေးကြေးရေး ပြဿနာတွေအမြဲရှိတဲ့ အီတို ၊ အတန်းထဲမှာ ဉာဏ်ကောင်းတဲ့ ရော်ဒီ ၊ ပတ်ဝန်းကျင်နဲ့ ဘယ်တော့မှာအသားမကျတဲ့ဂေးလ် သူတို့လေးယောက်ဟာ မိုက်ယာမီဂျက်ဆင်ဆိုတဲ့ အစိုးရကျောင်းလေးက မာရီရိုမာတီနက်ဇ်ဆိုတဲ့ ချက်စ်အတန်းမှာတက်ကြတယ် ၊ သူတို့လေးယောက်လုံးက ထူးချွန်တော့ မာရီရိုဟာ မြို့နယ်ပြိုင်ပွဲတွေပြည်နယ်ပြိုင်ပွဲတွေ ယှဉ်ပြိုင်စေချင်တယ် ၊ Public School ဆိုတော့ ပြိုင်ပွဲဝင်ဖို့ စာရင်းပေးသွင်းကြေးတောင်မတတ်နိုင်ဘူး ၊ ဆရာတပည့်တွေ ဒီလိုအခက်အခဲတွေကြားကနေ နိုင်ငံတော်အဆင့်ရောက်တောင်ဘယ်လိုတက်လှမ်းကြမလဲဆိုတော့ဆက်လက်ကြည့်ရှုခံစားပေးကြပါဦး။

0 comments:

Post a Comment