Brightheart 2 Firefly Action Brigade (2020)


 

Rating : 2.9/10
Country : United State
Genre : Animation, Family, Fantasy 
Cast : Carrie Jo Crosby, Nick Hudson Murdoch, Savannah Ruth Newton
Released Date : 2020
Duration : 1h 25min

အညွှန်း
ဘရိုက်ဟာ့တ်နဲ့ သူ့ရဲ့အဖော်အင်းဆက်လေးတွေက “ပိုးစုန်းကြူးလှုပ်ရှားရေးတပ်ဖွဲ့”ဆိုတဲ့ အဖွဲ့လေးကိုဖွဲ့စည်းထားပါတယ်။ အဖွဲ့ရည်ရွယ်ချက်က အလင်းကိုသုံးပြီး ဒုက္ခရောက်နေတဲ့ပိုးကောင်လေးတွေကို ကယ်တင်ဖို့ပါ။ဒါပေမယ့် ပိုးဖလံခေါင်းဆောင်ကတော့ အလင်းကို ရန်သူအဖြစ်မြင်နေပြီး သူအုပ်ချုပ်တဲ့နေရာမှာ ဘယ်အလင်းရောင်မှမရှိစေပါဘူး။တစ်နေ့ ဘရိုက်ဟာ့တ်တို့ရဲ့သူငယ်ချင်းဖြစ်တဲ့ စက်ရုပ်လေးအော်ရိုရာဆီ သူတို့မိခင်ဂြိုဟ်က သူနဲ့မျိုးနွယ်တူစက်ရုပ်တွေ ရောက်လာကြပါတယ်။အော်ရိုရာလေးကို သူငယ်ချင်းတွေနဲ့ပြန်တွေ့ဖို့ ဘရိုက်ဟာ့တ်တို့တစ်ဖွဲ့လုံး ကူညီခဲ့ကြပေမယ့် တကယ်တမ်းမှာ အော်ရိုရာ့ကိုမိစ္ဆာစိတ်ဝင်အောင်လုပ်ပြီး အင်းဆက်လေးတွေကို ပြန်ဖမ်းခိုင်းခဲ့တဲ့ ဂြိုဟ်သားတွေဖြစ်နေတဲ့အခါမှာတော့….ဘရိုက်ဟာ့တ်တို့အဖွဲ့ ဒီစက်ရုပ်ဂြိုဟ်သားတွေရန်ကလွတ်အောင် ဘယ်လိုလုပ်ကြမလဲ….
မိစ္ဆာစိတ်ဝင်ပြီး သူငယ်ချင်းတွေကိုပြန်ဖမ်းနေတဲ့ အော်ရိုရာလေးကိုရော ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ
စိတ်ဝင်တစားကြည့်ရမယ့် ကာတွန်းကားကောင်းလေးပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment