Unbound (2020)

 

Rating : 4.5/10
Country : United State
Genre : Action, Crime, Drama
Cast : Daniel O'Shea, Debra Toscano, Michael Robert Anderson 
Released Date : 2020
Duration : 1h 37min

အညွှန်း
မိသားစုအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရား တွယ်တာမှုတွေက ဘယ်လောက်ထိနက်ရှိုင်းနိုင်မယ်လို့ထင်ပါသလဲ

မိဘရဲ့သားသမီးပေါ်ထားတဲ့ မေတ္တာတရားကရော ဘယ်လောက်ထိ နက်ရှိုင်းကြလဲ

သားသမီးကိုချစ်သလောက် ဆုံးရှုံးလိုက်ရတဲ့အခါ ဘဝတိုးတက်မှု အိမ်ထောင်ရေးတွေပါလက်လွတ်အဆုံးရှုံးခံပြီး အရှုံးပေးလိုက်ကြပါတယ်

ဒီကားလေးမှာတော့ သမီးကိုအရမ်းချစ်တဲ့ဖခင်တစ်ယောက် သမီးပျောက်သွားတာလိုက်ရှာရင်း ကြေကွဲစွာဆောက်တည်မရ ဖြစ်နေသူပါ

သမီးကလည်းအရွယ်ရောက်ပြီး သား အိမ်ကထွက်သွားတာလို့အများကထင်ကြေးပေးကြပေမဲ့သမီးဒုက္ခရောက်နေမှန်းတွေးပြီး ကြိုးစားရှာဖွေနေပါတယ်

သမီးရဲ့ရည်းစားကိုဖမ်း အိမ်မြေအောက်ခန်းထဲမှာပိတ်လှောင်ထားပြီး သမီးလေးကိုသတ်လိုက်တာသူ့ရည်းစားပါလို့ စွပ်စွဲရိုက်နှက်မေးမြန်းတဲ့အထိပါပဲ

ဒီထဲမှာသနားဖို့ကောင်းတာကလည်း ဒီလူကြီးရဲ့မိန်းမလည်း အပါအဝင်ပါပဲ

သမီးပျောက်သွားတာလေးလလောက်ရှိတဲ့အပြင် ယောက်ျားဆီကဂရုစိုက်မှုမရ အစွန့်ပစ်ခံလိုနေပြီး အထီးကျန် ဖြတ်သန်းနေရသူပါ

ဇာတ်ကားတစ်လျှောက် ကောင်မလေးအဖေနဲ့အမေဟာ အပြင်လက်တွေ့မှာဖြစ်နေကြပုံစံအတိုင်း သရုပ်ဆောင်ပီပြင်ခဲ့ကြတာ ခံစားသိရှိနိုင်ပါတယ်

အပြစ်တွေလုပ်နေတာကိုလည်းသိ ဘုရားကျောင်းသွားပြီး ဖွင့်ဟဝန်ခံရင်းရင်ထဲမှာမငြိမ်းချမ်းနိုင်တာကိုဖြေရှင်းဖို့ကြိုးစား ကြတာကလည်း ကိုယ်တိုင်ခံစားနေရသလိုကြည့်ရှုရမှာပါ

ဇာတ်လမ်းအသွားအလာကောင်းမွန်ပြီး ပျင်းစရာမပါဘဲ ခံစားကြည့်ရှုနိုင်မယ့်ကားမျိုးပါ

နောက်ဆုံး ဇာတ်မြှုပ်လှည့်ကွက်နဲ့ သူ့သမီးကိုဘယ်သူ ဖမ်းသွားလဲ ဘာလုပ်လိုက်လဲဆိုတာဇာတ်သိမ်းအထိ စိတ်ဝင်စားဖို့ကောင်းစွာဆွဲခေါ်သွားနိုင်ခဲ့ပါတယ်

0 comments:

Post a Comment