Sadak 2 (2020)


 

Rating : 1.1/10
Country : India
Genre : Action, Drama 
Cast : Priyanka Bose, Sanjay Dutt, Alia Bhatt 
Released Date : 2020
Duration : 1h 48min

အညွှန်း
လူ့လောကကို စိတ်ကုန်နေတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ရယ်၊ မသမာသူတွေ လက်ထဲက ပြေးထွက်လာတဲ့ ချစ်သူစုံတွဲရယ်နဲ့ဇာတ်လမ်းဖွင့်ထားတာတွေ့ရပါလိမ့်မယ်…။အစောပိုင်းမှာ အဲ့ဒီ ဒရိုက်ဘာကြီးဆီကို ညဉ့်နက်ချိန်မှာ မိန်းကလေးတစ်ယောက်က သူသွားလိုတဲ့ နေရာကိုလိုက်ပို့ပေးရမည်ဖြစ်ကြောင်းပြောပြီး အရင်ကတည်းက ကြိုတင်မှာထားကြောင်း ပြောပါတယ်။
တက္ကစီဒရိုက်ဘာကလည်း ငြင်းမရတော့တဲ့အဆုံးမှာ သူသွားလိုရာကို လိုက်ပို့ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ ကောင်မလေးဟာ တစ်ခုခုက ထွက်ပြေးလာပုံပေါ်နေတာမို့ တက္ကစီဒရိုက်ဘာကတော့ ရိပ်စားမိပါတယ်။ဒါ့အပြင် ဗဟိုအကျဉ်းထောင်ကို သွားပြီး သူ့ချစ်သူကို ခေါ်ရဦးမည်တဲ့။ ကိုယ်တိုင်က အားလုံးကိုစိတ်ပျက်နေရတဲ့ကြားထဲအန္တရယ်အငွေ့အသက်တွေပြည့်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကားပေါ်တင်လာပြီးတဲ့အချိန်ကစပြီးဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး….ဒီကားနဲ့ပတ်သက်ပြီး  IMDb Ratingကိုပြောချင်ပါသေးတယ်။ Ratingကို အနည်းဆုံးပဲမြင်ရမှာပါ။ဒါဟာ ဇာတ်ကားကို ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ မထွက်ခင်ကတည်းကဒီလိုပေးကြမယ်လို့ ကြံစည်ထားကြတာပါ။ ဆူရှန့်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘောလိဝုဒ်ရဲ့ တချို့ဇာတ်ကားတွေကိုIMDb Rating နဲ့ သတ်မှတ်လို့မရတော့တဲ့ အခြေအနေပါ။

0 comments:

Post a Comment