Rangoon (2017)

Rating : 5.7/10
Country : India
Genre : Action, Drama, History 
Cast :   Kangana Ranaut, Shahid Kapoor, Saif Ali Khan
Released Date : 2017
Duration : 2h 50min

အညွှန်း
ဇာတ်ကားနာမည်လေးနဲ့တင်စိတ်ဝင်စားဖို့ကောင်းသွားပြီဆိုတာသိကြမှာပါ။
ဒီကားလေးကဒီနှစ်၂၀၁ရခုနှစ်ထုတ်အိန္ဒိယကားလေးဖြစ်ပါတယ်။
ဇာတ်အိမ်ကိုဒုတိယကမ္ဘာစစ်နောက်ခံထားပြီးမင်းသမီးအသားပေးကားလေးဖြစ်ပါတယ်။
၁၉၄၃ခုနှစ် ဒုတိယကမ္ဘာစစ်မီးတောက်နေတဲ့အချိန်မှာအိန္ဒိယနိုင်ငံဟာလည်းကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပ်းနေတဲ့အချိန်ဖြစ်ပါတယ်။
အိနိယအမျိုးသားတပ်မတော်ခေါင်းဆောင်ဟာလည်းမဟတ္တမဂန္ဒီရဲ့အကြမ်းဖက်ဝါဒကိုသဘောမတွေ့ဖြစ်နေတာပါ။
သူကတုတ်တုတ်ချင်းလှံလှံချင်းရှင်းချင်သူပါ။
အဲဒီအချိန်အင်ဒိုချိုင်းနားဒေသမှာဂျပန်အင်ပါယာတန်ခိုးထွားလာတာနဲ့အတူအိန္ဒိယတပ်မတော်ဟာဂျပန်တွေနဲ့မဟာမိတ်ဖွဲ့လိုက်ပါတယ်
ဗြိတိသျှတပ်မတော်အတွင်းကအိန္ဒိယတပ်သားတွေအနေနဲ့အိန္ဒိယတပ်မတော်နဲ့ရောဂျပန်တပ်မတော်နဲ့ပါတိုက်ပွဲဝင်ရတော့တယ်။
အဲဒီအချိန်မှာပဲအိန္ဒိယကသဘင်သည်မင်းသမီးလေးဂျူလီကလည်းရုပ်ရှင်လောကမှာအောင်မြင်လာသူဖြစ်ပါတယ်။
အင်ဒို-မြန်မာနယ်စပ်မှာစစ်ရေးတင်းမာလာတာနဲ့အမျှအင်္ဂလိပ်တပ်ကနေပြီးတော့တိုက်ပွဲဝင်နေတဲ့
သူ့တပ်သားတွေစိတ်ဓာတ်မြင့်လာအောင်အားပေးတဲ့အနေနဲ့ဂျူလီကိုသွားရောက်ဖျော်ဖြေဖို့လွတ်လိုက်ပါတယ်။
ခရီးစဉ်အတွင်းမှာပဲစစ်ပွဲသုံ့ပန်းအဖြစ်လွတ်လာတဲ့မာလိတ်ရဲ့အစောင့်အရှောက်နဲ့သွားရောက်ကြပါတယ်။
ဒါပေမယ့်မြစ်တခုကိုအဖြတ်မှာ ဂျပန်လေယာဉ်တွေရဲ့တိုက်ခိုက်မှုကြောင့်ရထားလည်းပျက်စီးသွားပါတယ်။
အင်္ဂလိပ်တပ်နေနဲ့ဂျူလီတယောက်သေဆုံးသွားပြီလို့ထင်ထားခဲ့ပေမယ့်မာလိတ်ရဲ့ကယ်ဆယ်မှုနဲ့အတူလွတ်မြောက်လာခဲ့ပါတယ်။
ဒီလိုစစ်ပွဲအရှုပ်အထွေးတွေကြားမှာပဲမင်းသမီးတယောက်ပြည်တော်ပြန်နိုင်မလား။
ဘယ်လိုအခက်အခဲတွေတွေ့ပြီးဘယ်လိုကျော်လွားခဲ့ရလဲဘာတွေဆက်ဖြစ်မလဲ
ရန်ကုန်မှာဘယ်လိုဇာတ်လမ်းလေးတွေရှိမလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကြည့်လိုက်ရအောင်ဗျာ။
အဲဒီခေတ်ရန်ကုန်မြို့ရဲ့အခြေအနေအငွေ့အသက်လေးတွေကိုပါခံစားရမှာဖြစ်ပါတယ်။
ဇာတ်ကားကလည်း၃နာရီနီးပါးတောင်ဆိုတော့ဇာတ်လမ်းအလှည့်အကွက်လေးတွေကိုအားရပါးရခံစားရမှာပါ။
ကဲမြန်မာနိုင်ငံရဲ့ကိုလိုနီခေတ်အငွေ့အသက်လေးတွေကိုခံစားရင်းဇာတ်ကားလေးကိုဘယ်လိုအဆုံးသတ်မလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။

0 comments:

Post a Comment