Lucky Grandma (2019)


 

Rating : 6.6/10
Country : China
Genre : Comedy, Drama 
Cast : Tsai Chin, Hsiao-Yuan Ha, Michael Tow
Released Date : 2019
Duration : 1h 27min

အညွှန်း
နယူးယော့ခ်မြို့ရဲ့ တရုတ်တန်းမှာ နေထိုင်တဲ့ အဘွားဝမ်ဟာ ဘဝကိုပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ပေမယ့် ခင်ပွန်းသည်ဆုံးပြီးနောက် ဘာမှ များများစားစားပိုင်ဆိုင်မှုမရှိတဲ့ အသက်၈၀အရွယ် အမျိုးသမီးကြီးတစ်ဦးပါ။ ကံကောင်းလာပြီဆိုတဲ့ ဗေဒင်ဆရာမရဲ့စကားကိုယုံစားပြီး ဘဏ်အကောင့်ထဲက ရှိသမျှ ငွေတွေထုတ်ကာ လောင်းကစားရုံသွားပြီး အရဲစွန့်ခဲ့တဲ့ အဘွားဝမ်တစ်ယောက် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ရှာပါဘူး။ ဒါ့ကြောင့် အဘွားဝမ်ဟာ အိမ်အပြန်လမ်းမှာ သူ့ခုံဘေးထိုင်တဲ့ သေသွားတဲ့လူတစ်ယောက်ရဲ့ ပိုက်ဆံတွေအပြည့်ပါတဲ့ အိတ်တစ်အိတ်ကို ခိုးယူလာခဲ့ပါတယ်။ သားဖြစ်သူက အတူနေဖို့တောင်းဆိုပေမယ့် ကိုယ့်ဘာသာကိုယ်ပဲ ရပ်တည်ချင်တဲ့ အဘွားဝမ်တစ်ယောက် သူယူလာတဲ့ပိုက်ဆံတွေကနေတစ်ဆင့် လူမိုက်ဂိုဏ်းတွေနဲ့ ပတ်သက်မိတဲ့အခါ သူ့ရဲ့နေ့စဉ်ဘဝမှာ ဘယ်လို အခက်အခဲတွေ ထိတ်လန့်မှုတွေ ကြုံတွေ့ရမလဲ ဗေဒင်တွက်ထားတဲ့အတိုင်းရော သူ့ရဲ့ကံဇာတာပွင့်လန်းပြီး ကံကောင်းမှုတွေ ရောက်လာပါ့မလား လူဆိုးဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုတွေကို သက်ကြီးရွယ်အို အဘွားဝမ်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ စတာတွေကို ရင်တထိတ်ထိတ်နဲ့ မြင်တွေ့ခံစားရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Tasi Chin ; Hsiao-Yuan Ha;Michael Tow; Yan Xi :Eddie Yu တို့ပဲဖြစ်ပါတယ်။

0 comments:

Post a Comment