I Used to Go Here (2020)

 

Rating : 5.6/10
Country : United State
Genre : Comedy, Drama, Romance 
Cast : Gillian Jacobs, Jemaine Clement, Josh Wiggins
Released Date : 2020
Duration : 1h 20min

အညွှန်း
ကိတ်ဟာ စာအုပ်သစ်ထုတ်ဝေလိုက်တာမကြာသေးတဲ့ ငယ်ရွယ်တဲ့စာရေးဆရာမပါ။သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ဝတ္ထုရေးဆရာမ ဖြစ်ခဲ့ပေမယ့်သူ့စာအုပ်ဟာသူထင်သလောက်ရောင်းအားမကောင်းခဲ့ပါဘူး။သူ့ထုတ်ဝေသူကလည်း သူ့စာအုပ်မိတ်ဆက်ပွဲတွေကိုဖျက်လိုက်ပါတယ်။သူ့ရည်းစားကလည်းသူနဲ့မနေတော့တဲ့ဆက်ဆံရေးမျိုးပါ။
တစ်ရက်တော့ သူတက်ခဲ့တဲ့ကောလိပ်က ပရော်ဖက်ဆာကကျောင်းမှာစာဖတ်ပွဲလေးလာလုပ်ဖို့ ကမ်းလှမ်းပါတယ်။ဒါနဲ့ သူ့ကိုစာရေးဆရာဖြစ်အောင် အားပေးခဲ့တဲ့ပရော်ဖက်ဆာရဲ့စကားကြောင့်ကောလိပ်ရှိတဲ့မြို့လေးကို ခဏပြန်လာခဲ့ပါတယ်။ပြီးတော့ သူတည်းတဲ့အိမ်ရှေ့က သူကျောင်းသူဘဝကနေခဲ့တဲ့အိမ်ဖြစ်ပြီးကျောင်းသားလေးတွေနေနေတဲ့အတွက် အိမ်ကိုသွားလည်ရင်းဇာတ်လမ်းလေးတွေစကြတာပေါ့။ပေါ့ပေါ့ပါးပါးဇာတ်မြူးလေးတစ်ကားပါ။

0 comments:

Post a Comment