Graceful Friends (2020)

 

17 Episodes


Rating :  7.7/10
Country : South Korean
Genre : Mystery,Crime,Drama
Cast : Yoo Joon Sang,Song Yoon Ah,Bae Soo Bin,Han Da Gam,Kim Sung Oh,Kim Hye Eun

အသက် ၄ဝကျော် သူငယ်ချင်းတွေကြားမှာ လူသတ်မှု ဖြစ်ပွားခဲ့တဲ့နောက် သူငယ်ချင်းအစစ်က ဘယ်သူလဲ ။ တရားခံ ဖြစ်မလာဖို့အရေး ကိုယ့်အပေါ် ရောက်မလာဖို့ အရေးကို ဘောလီဘော ပုတ်ကျမဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းက
အေးချမ်းနေတဲ့ မြို့သစ်လေးမှာ အသက် ၄ဝကျော် စုံတွဲ တစ်တွဲဖြစ်တဲ့
Ahn Goong-Cheol နဲ့ Nam Jung-Hae တို့ ပျော်ပျော်ရွှင်ရွှင်ပဲနေထိုင်ပြီး ဘဝကို ဖြတ်သန်းနေကျသူတွေပါ။တစ်ခြား အသက် ၄ဝကျော် သူငယ်ချင်းစုံတွဲတွေနဲ့လည်း မကြာခဏ တွေ့ပြီး ညစာ စားပွဲလုပ်ကျတဲ့ အထက်တန်းလွှာက မိသားစုပါ။
တစ်ရက်တော့ နှစ်၂၀ ကျော်အောင်ခင်မင်ခဲ့ကြတဲ့ အသက် ၄၀ အရွယ် သူငယ်ချင်း စုံတွဲ တွေ နေထိုင်တဲ့ မြို့မှာ သူတို့သူငယ်ချင်း တွေထဲက တစ်ယောက်က အသတ်ခံလိုက်ရတဲ့နောက် သူတို့ရဲ့ပျော်ရွှင်နေတဲ့ ဘဝက ဇောက်ထိုးမိုးမျှော်ကို ဖြစ်လာပါတော့တယ်။
သေဆုံးသွားတဲ့သူငယ်ချင်းကို သူတို့အုပ်စုထဲက တစ်ယောက်ယောက်က သတ်လိုက်တာလား။
သေဆုံးသူတစ်ယောက်ကြောင့် သူတို့အားလုံးနဲ့ ဘာကြောင့်ပက်သက်နေတာလဲ။
သေဆုံးသွားသူက သူတို့နဲ့မဆိုင်ဘဲ အသက်၂ဝအရွယ် သားသမီးတွေနဲ့ ဆိုင်နေမလား။
အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကြောင့် အချင်းချင်းကြားက လက်တုန့်ပြန်မှု ဖြစ်နိူင်လား။
ချမ်းသာမှုနဲ့ ဆင်းရဲမှုကြားက တစ်ဖက်စောင်းနင်း အပြစ်ပုံချမှုတွေဖြစ်လားမလား။
ကိုယ့်အပြစ်ဖြစ်မလာဖို့ အရေး ထောင်ထဲကို မဝင်ရဖို့ အရေးကို ဘယ်လိုတွေ ဂွင်ဖန်မလဲ အချင်းချင်းချောက်တွန်းကျမလဲ 

0 comments:

Post a Comment