Rating : 4.4/10
Country : United State
Genre : Drama, Fantasy, Romance
Cast : Alexandra Shipp, Nicholas Hamilton, DeRon Horton
Released Date : 2020
Duration : 1h 35min
Country : United State
Genre : Drama, Fantasy, Romance
Cast : Alexandra Shipp, Nicholas Hamilton, DeRon Horton
Released Date : 2020
Duration : 1h 35min
အညွှန်း
ချစ်ရတဲ့သူတွေ သေဆုံးသွားတဲ့အခါ
ဟုတ်ပါတယ် ကိုယ်ချစ်ရတဲ့သူ သံယောဇဉ်ရှိတဲ့သူတွေ ဆုံးပါးသွားတဲ့အခါ ခံစားရသမျှ နာကျင်ဝမ်းနည်းနေရတာပါပဲ
တစ်ဘဝလုံးရဲ့အမှတ်တရတွေ တစ်ချိန်တည်းမှာစုပြုံတိုးဝှေ့ပြီး ခံစားနေရတာပါပဲ
အကယ်၍များ ဒီသေဆုံးခြင်းဟာ မတော်တဆ ဒါမှမဟုတ် အဲ့မတော်တဆက ကိုယ့်ပယောဂများငြိစွန်းနေမိတယ်ဆိုရင်
ဒီဇာတ်ကားထဲမှာတော့ အသက်၂၀ ဝန်းကျင် ကောင်မလေး Riley စာလည်းတော် ပညာလည်းတတ် မိဘကလည်းချမ်းသာ ရှေ့နေကျောင်းတက်ဖို့အထိ အနာဂတ်တွေနဲ့
ဒါပေမဲ့ သူ့ရဲ့ကျွမ်းကျင်မှုနဲ့ဝါသနာက ပန်းချီအနုပညာ ချစ်ရတဲ့ကောင်လေး Chris က သိပ်မတတ်နိုင် ပညာလည်းမမီနိုင်သူတို့ ဝေးဝေးနေပြီး ဆက်ချစ်နေဖို့ လက်မခံတဲ့အချိန် ပါတီတစ်ခုကအပြန်မှာကားအက်ဆီးဒင့်ဖြစ်သွားခဲ့ပါတယ်
ဆိုးတာ မောင်းသူက Riley ဆုံးပါးသွားတာကတော့ Chris ပါ
ဒါပေမဲ့ Chris ခမျာ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားမှာ ပိတ်မိနေပါတယ်
သူပြောတာကိုဘယ်သူမှမကြားနိုင် မတွေ့နိုင် အဲ့အချိန် Jordan ဆိုတဲ့သူ့လိုပိတ်မိနေတဲ့သေဆုံးပြီးသား သူနဲ့ဆုံခဲ့ရပါတယ်
Riley ကတော့ရူးမတတ်ဖြစ်နေဆဲ မထင်မှတ်ဘဲ Riley ရဲ့ Chris ပုံတွေရေးဆွဲတာကနေ သူတု့ိ၂ယောက်ဆက်သွယ်လို့ရခဲ့ပါတယ်
ဒါပေမဲ့ ဒီဆက်သွယ်မှုက အသက်ရှင်နေသူရဲ့ အသက်ကို ပေးဆပ်ရမလိုသိလိုက်တဲ့အခါ Jordan ရဲ့ သေဆုံးခြင်းအကြောင်းအရာလေး…
ဒီ movie ထဲမှာဆိုရင် Riley တို့ စုံတွဲရဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းတွေ သူတို့သေကွဲကွဲရတာကို ကြည့်ရှုရတာ တကယ်ကိုဝမ်းနည်းဖွယ်ခံစားရတာပါ
ဒါပေမဲ့ အဆုံးသတ်မှာ အားလုံးရှေ့ဆက်ဖို့ဆိုတဲ့ message လေးနဲ့ အားလုံးကိုရင်ဆိုင်မယ့်သတ္တိတွေနဲ့mကိုယ်ချစ်တဲ့သူကိုအမြဲရင်ထဲသိမ်းထားရမယ်ဆိုတာလေး ကြည့်ရှုရမှာပါ
0 comments:
Post a Comment