Rating : 7.7/10
Country : United State
Genre : Crime, Drama, Thriller
Cast : Don Cheadle, Sandra Bullock, Thandie Newton
Released Date : 2004
Duration : 1h 52min
Country : United State
Genre : Crime, Drama, Thriller
Cast : Don Cheadle, Sandra Bullock, Thandie Newton
Released Date : 2004
Duration : 1h 52min
အညွှန်း
Crash ဆိုတဲ့ ဇာတ်ကားကတော့ လော့စ်အန်ဂျလိစ်မြို့တော်တွင်း လူမျိုးရေးခွဲခြားမှုတွေ လူ့အသိုင်းအဝိုင်းကြားတင်းမာမှုတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်လူဖြူ လူမည်းခွဲခြားမှုတွေကြားမှာ လူဖြူတွေကို မုန်းတီးပြီး အနုကြမ်းစီးတတ်တဲ့ Anthnoy ဟာ သူ့အဖော်နဲ့အတူ လူဖြူရှေ့နေ Rick နဲ့ သူ့ဇနီး Jean တို့ရဲ့ကားကို လုခဲ့ပါတယ်။ဒီဇာတ်ကားလေးထဲမှာိုသေနတ်နဲ့ခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် လူမည်းတွေကို ကြောက်ရွံ့သွားပြီး သူ့အိမ်မှာအလုပ်လာလုပ်တဲ့ လူမည်းတွေကို မယုံကြည်နိုင်တော့တဲ့ Jeanကျည်ဆံသံတွေကြား အိမ်ခဏခဏပြောင်းခဲ့တဲ့ သော့ပြင်ဆရာ Daniel
သော့ပြင်ဆရာနဲ့အခြေအတင်စကားများပြီးနောက် လူမည်းသော့ပြင်ဆရာကြောင့် သူ့ဆိုင်ဖောက်ထွင်းခံရတယ် ယူဆထားသူ Farhandလူမည်းတစ်ယောက်ဖြစ်တဲ့အတွက် ဇနီးဖြစ်သူကို ရဲတစ်ဦး လက်သရမ်းတာကို ကြည့်နေခဲ့ရတဲ့ လူမည်းရုပ်ရှင်ဒါရိုက်တာ Cameronဖခင်ရဲ့ရောဂါကြောင့် ဆေးရုံမှတာဝန်ရှိသူ လူမည်းအမျိုးသမီးကို မကျေမနပ်ဖြစ်နေသူ ရဲအရာရှိ Ryanလူမျိုးရေးခွဲခြားမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူသတ်မှုတစ်ခုကို စုံစမ်းနေသူ လူမည်းစုံထောက်တစ်ယောက်ဦး Graham watersစတဲ့ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ အမေရိကန်လူ့အသိုင်းအဝိုင်းကြား ဖြစ်ရပ်တွေကို ပုံဖော်ထားတာတွေ့ရမှာပါ။
ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ခရိုင်ရှေ့နေ Rick အဖြစ် Brendan Fraserခရိုင်ရှေ့နေ Rick ရဲ့ဇနီး Jean အဖြစ် Sandra Bullockစုံထောက် Graham Waters, အဖြစ် Don Cheadleရဲအရာရှိ Ryan အဖြစ် Matt Dillonဒါရိုက်တာCameron Thayer အဖြစ်
Terrence Howardကားလုပြေးသူ Anthony အဖြစ်Ludacris တို့ပဲအပြင် Jennifer Esposito, William Fichtner, Brendan Fraser, Chris “Ludacris” Bridges, Michael Peña, and Ryan Phillippe တို့လည်း ပါဝင်ထားပါတယ်။ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေမှာ ဖြစ်ရပ်မှန်တစ်ချို့ ထည့်သွင်းရိုက်ကူးထားကိုတွေ့ရပြီး ဝေဖန်ရေးဆရာတွေရဲ့ မှတ်ချက်ကောင်းတွေရရှိထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။

0 comments:
Post a Comment