Coma (2019)



Rating : 6.4/10
Country : United State
Genre :  Action, Adventure, Fantasy 
Cast : Rinal Mukhametov, Lyubov Aksyonova, Anton Pampushnyy
Released Date : 2019
Duration : 1h 51min

အညွှန်း
မတော်တဆမှုတစ်ခုကနေ သတိပြန်လည်လာတဲ့ ဗစ်တာဆိုတဲ့ ဗိသုကာပညာရှင် လူငယ်တစ်ယောက်ဟာသူနိုးထချိန်မှာ ထူးခြားတဲ့ကမ္ဘာသစ်တစ်ခုထဲရောက်နေတာသိလိုက်ရပါတယ်။ အဲ့ဒီကမ္ဘာဟာ လက်တွေ့ဘဝနဲ့ တူညီသယောင်ရှိပေမယ့်ပန်းချီဆေးလွင့်ပြယ်နေသလို တစ်ဝက်တစ်ပျက် ပရိဘောဂတွေ လူသားတွေဇောက်ထိုးမိုးမျှော်အဆောက်အအုံတွေ ကြားမှာ အံ့သြလို့မဆုံးခင်မှာ သူ့ကို တိုက်ခိုက်လာတဲ့ အမဲရောင်သဏ္ဍာန်တစ်ခုလက်က လွတ်အောင်ပြေးရင်း လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က သူ့ကိုကယ်တင်သွားပါတယ်။သူတို့နဲ့ဆုံပြီးနောက်ပိုင်းမှ သိလာရတာ သူရောက်နေတဲ့ နေရာကို Coma လို့ခေါ်ပြီး မတော်တဆမှုတစ်ခုခုကြောင့်ကာလရှည်မေ့မျောနေသူတွေဟာ ဒီနေရာကိုရောက်လာကြပါတယ်။ သူမြင်နေရတဲ့အရာဝတ္ထု တွေအဆောက်အဦတွေဟာ အဲ့ဒီလူတွေရဲ့အတိတ်မှတ်ဉာဏ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးသူ့ကိုရန်မူတိုက်ခိုက်လာတဲ့ အမဲရောင်သဏ္ဍာန်ကိုတော့ ဒီကလူတွေ သေမင်းလို့ခေါ်ကြပါတယ်။
အပြင်လောကမှာ သာမန်လူတွေသာ ဖြစ်ခဲ့တဲ့ဒီလူတွေဟာ ဒီကမ္ဘာလောကမှာတော့ သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ကြပြီးအဲ့ဒါတွေကို စုစည်းအသုံးချရင်း အသက်ကိုရှင်သန်အောင် မွေးနေကြရတာပါ။မနေ့တနေ့ကမှ အစိမ်းသက်သက် ဒီလောကထဲရောက်လာတဲ့သူ့ အနေနဲ့တော့ကမ္ဘာသစ်မှာ အသားကျအောင်ကြိုးစားရင်း စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ရပါလိမ့်မယ်။
ဇာတ်လမ်းက မြင်ဖူးသလို ကြည်ဖူးသလိုမျိုးဖြစ်နေပေမယ့် သူ့ဟာနဲ့သူ ကွဲထွက်သွားပြီးကြည့်လို့အတော်မိုက်ပါတယ်။ Inception နဲ့ Matrix တို့ကိုရောမွှေထားသလိုဇာတ်လမ်းသွားမျိုးမှာမှ စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ ကမ္ဘာအသစ်နဲ့ VFX အကြမ်းစားကြီးတွေကို တွေ့မြင်ကြရမှာပါ။

0 comments:

Post a Comment