Whispering Corridors 3 : Wishing Stairs (2003)

Rating : 5.9/10
Country : Korea
Genre : Horror
Cast : Ji-Hyo Song, Han-byeol Park, An Jo  
Released Date : 2003
Duration : 1h 37min

 ဒီဇာတ်လမ်းလေးက 2003 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး
ပရိတ်သတ်တွေရဲ့ အချစ်တော်
Running Man က မမ Song Ji-hyo က ယွန်ဂျင်ဆောင်းအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းယွန်ဂျင်ဆောင်းနဲ့ ဂင်ဆူဟီးတို့ဟာ မိန်းကလေးအနုပညာ အထက်တန်းကျောင်းမှာ ဘဲလေး အကပညာကို တူတူသင်ယူနေကြတဲ့ ကျောင်းသူတွေဖြစ်ပါတယ် ။
သူတို့ ၂ ယောက်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး
အထူးသဖြင့် ဂင်ဆူဟီးက ဂျင်ယောင်းကို အရမ်းတွယ်တာပါတယ် ။
အဲ့လို ချစ်ကြတဲ့ သူငယ်ချင်းတွေကြား ကံဆိုးမှုတစ်ခုက ဝင်ရောက်လာပါတယ်
ဒါကတော့ သူတို့မြို့မှာပြုလုပ်မယ့် ဘဲလေးအကပြိုင်ပွဲပါ ။သူတို့ကျောင်းအနေနဲ့က ကိုယ်စားပြုအကမယ်တစ်ယောက်ကိုပဲ ရွေးချယ်ပြီး ပြိုင်ပွဲကို ယှဉ်ပြိုင်ခိုင်းမှာပါ…
ကျောင်းက ဆရာမတွေဟာ ဆူဟီးကိုပဲ ရွေးချယ်ချင်နေတဲ့အခါမှာ ဂျင်ယောင်းတစ်ယောက် ဆူဟီးကိုစကားမပြောတော့ပါဘူး ။
အဲ့နောက် သူတိုအဆောင်ရှေ့က ဆုတောင်းပြည့်လှေကားမှာ
ပြိုင်ပွဲကို သူမ ပြိုင်ခွင့်ရဖို့ ဆုတောင်းခဲ့ပါတယ် ။
သူ့ဆုတောင်းပြည့်ပြီး ပြိုင်ပွဲမှာအနိုင်ရခဲ့ပေမယ့် သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဆူဟီးကတော့ ဒီလောကကြီးကနေ ထွက်ခွာသွားခဲ့ရပါတယ်…
ဒါပေမယ့် ဂျင်ယောင်းအပေါ်အစွဲလမ်းကြီးတဲ့ ဆူဟီးရဲ့ ဝိညာဉ် မကျွတ်လွတ်တဲ့ အခါ
ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုပါနော်…

0 comments:

Post a Comment