Wasp Network (2019)



Rating : 5.8/10
Country : United State
Genre :  Thriller
Cast : Penélope Cruz, Edgar Ramírez, Gael García Bernal 
Released Date : 2019
Duration : 2h 7min

အညွှန်း
Cuba လို့ပြောလိုက်တာနဲ့ ဘာကိုမျက်လုံးထဲအရင်မြင်မိကြလဲဗျ

ခင်ဗျားတို့တော့မသိဘူး ကျွန်တော်ကတော့ Camila Cabello ရဲ့
နာမည်ကျော် Havana ရယ် ကမ်းခြေလှလှတွေရယ်နဲ့
စော်ချောချောလေးတွေရယ်နဲ့တွဲပြီး လိုချင်တာရနိုင်တဲ့ နိဗ္ဗာန်ဘုံတစ်ခုကိုပဲ ပြေးမြင်တယ် xD

ဒါပေမယ့် ဒီနေ့မှာတော့ Cuba လို့ပြောရင် နောက်ထပ်တွဲမြင်ရမယ့်အရာတစ်ခု
ရှိသေးတယ်လို့ထင်လို့ Netflix ကထွက်ထားတဲ့WASP Network ဆိုတဲ့ဇာတ်ကားအကြောင်း
ပြောပြပေးချင်တယ်ဗျာ

ဒီကားကိုကြည့်ရင်တော့ နာမည်တွေတော်တော်မှတ်ရမယ်နော် တော်တော်လေးများပြီး
တော်တော်လေးကိုရှည်လျားထွေပြားတဲ့ နာမည်တွေချည်းပဲ

ဒီဇာတ်ကားက 90’s ခေတ်ကိုရိုက်ထားတဲ့ 90’s ပတ်လည်နားက Cuba နိုင်ငံရဲ့ စပိုင်တွေအကြောင်းဖြစ်ရပ်မှန်ဇာတ်အိမ်ပေါ် အခြေတည်ပြီးရိုက်ထားတာပါ

အဲ့ခေတ်ကာလက Cuba ဆိုတာ သမ္မတ Fidel Castro အုပ်ချုပ်တဲ့ နိုင်ငံပါ

အစာရေစာရှားပါးပြီး အရာရာချို့တဲ့လွန်းတဲ့အတွက်Cuba နိုင်ငံသားတွေဟာ အနီးနားမှာရှိတဲ့ အမေရိကန်လက်အောက်က Miami ကိုထွက်ပြေးကြရော

ထွက်ပြေးလာတဲ့နိုင်ငံသားတချို့ဟာသမ္မတ Fidel ကိုဆန့်ကျင်တဲ့ Cuba Revolution ကို
အကောင်အထည်ဖော်တယ်

ဒါကိုစုံစမ်းထောက်လှမ်းဖို့ Cuba ကစေလွှတ်ထားတဲ့ စပိုင်တွေထဲက တစ်ယောက်ရဲ့
ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ

မိသားစုရှိတဲ့ Cuba ကနေထွက်ပြေးပြီး Miami မှာနေတဲ့ လူတစ်ယောက်အကြောင်းပါ

တစ်ကားလုံးကတော့ သူ့အကြောင်းချည်းပဲမဟုတ်လို့ ပျင်းရမှာမဟုတ်တာတော့ သေချာပါတယ်

နာမည်တွေတော့ သေချာမှတ်ကြပါ Cuba Revolution အကြောင်း Cuba နိုင်ငံရဲ့ စပိုင်အကြောင်း သိချင်ရင်တော့ ကြည့်ရှူလိုက်ကြပါဦး

0 comments:

Post a Comment