The Stand at Paxton County (2020)

Rating : 6.3/10
Country : United State
Genre : Thriller
Cast : Jacqueline Toboni, Michael O'Neill, Tyler Jacob Moore
Released Date : 2020
Duration : 1h 42min

 ဒီတစ်ခေါက်ဇာတ်ကားကတော့ Paxton County မြို့မှာ ရှိတဲ့ မွေးမြူရေးခြံပိုင်ရှင်တွေရဲ့ အခက်ခဲတွေကိုဖော်ကျူးထားတာပါ။

ဇာတ်လမ်းမှာတော့ ဂျယ်နာ ဟာ ဒယ်လ် ကော်နလီ ဆိုတဲ့ လူရဲ့ သမီးဖြစ်ပြီးတော့ ရှေ့တန်းတိုက်ပွဲမှ ဆေးတပ်ဗိုလ် တစ်ဦးလည်းဖြစ်ပါတယ်။

အဖေရဲ့ နေမကောင်းတဲ့ သတင်းကိုကြားရာက အိမ်ပြန်လာချင်းမှာပဲ သူမအဖေရဲ့ ခြံဟာ အမေရိကန်တိရစ္ဆာန် ကာကွယ်ရေးအဖွဲ့အစည်းရဲ့ ဥပဒေအရ အစစ်ဆေးခံရပါတယ်။

ခြံရဲ့ လိုအပ်ချက်တော်တော်များများကို တွေ့ရှိခဲ့ဲပြီး သတိပေးစာ ပေးခံရပါတယ်။

အဲ့အချိန်မှာပဲ သူတို့ရဲ့ခြံအလုပ်သမားဟာလည်း ရုတ်တရက်အလုပ်ထွက်သွားခဲ့ပါတယ်။

အဲ့နောက်မှာ စစ်ဆေးသူတွေဟာအသိမပေးဘဲ ရောက်လာပြီး မြင်းကိုဆေးစစ်ရာ ကူးစက်ပိုး သံသယအဖြစ် သတ်မှတ်ပြီး မြင်းပေါက်လေးတစ်ကောင်ကို ထိန်းသိမ်းဖို့ဆိုပြီး ခေါ်သွား​ြကပါတယ်။

ဒီလိုအဖြစ်ပျက်တွေနဲ့ ကြုံနေရတဲ့ ဂျယ်နာဟာ ​ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား။

နောက်ဆုံးမှာ သူတို့ပိုင်တဲ့ မြင်းတွေကိုရော ကာကွယ်နိုင်ပါ့မလား သိခ​ျင်ရင် ကိုယ်တိုင်သာကြည့်လိုက်ပါနော်။

ဒီဇာတ်ကားကို ကြည့်ရှုမယ်ဆိုရင် မိန်းကလေးတစ်ယောက်ရဲ့ ရဲရဲဝံ့ဝံ့ စွမ်းဆောင်မှုတွေကို စိတ်ဝင်စားဖွယ် တွေ့ရှိရမှာ အသေချာပါပဲ။

0 comments:

Post a Comment