Gintama 2: Rules are Made to be Broken (2018)

Rating : 6.6/10
Country : Japan
Genre : Action, Adventure, Comedy 
Cast : Shun Oguri, Masaki Suda, Kanna Hashimoto
Released Date : 2018
Duration : 2h 14min 

Japan နိုင်ငံက Manga Series တွင်သာမက ကမ္ဘာတစ်ဝှမ်းလုံးရဲ့ Anime လောကထဲကို ထိုးဖောက်နာမည်ကျော်ခဲ့တဲ့ Gintama ရဲ့ ဒုတိယအကြိမ်မြောက်
Live Action Movie : Gintama 2 (Rules Are Made To Be Broken)

💠Review:
ဆာမူရိုင်းတွေရဲ့နိုင်ငံဟာ Edo ခေတ်မှာ Amanto လို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်
ဒီတိုက်ပွဲမှာ လက်နက်အင်အားမမျှတမှုကြောင့် ဆာမူရိုင်းတို့ရဲ့ အကြီးအကဲ (Shogun-sama) ဟာ ဂြိုလ်သားတွေထံအညံ့ခံခဲ့ရပါတယ်
ဆာမူရိုင်းတွေဟာ ဓားကိုင်ဆောင်ခွင့်လည်းရုပ်သိမ်းခံခဲ့ရတာပါတယ်
ဓားကိုင်ဆောင်ခွင့်မရှိတော့တဲ့အတွက် ဆာမူရိုင်းတစ်ယာက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့မင်းသားကြီး Sakata Gintoki ဟာ သစ်သားဓားတစ်ချောင်းကိုင်ဆောင်ရင်းနဲ့ သူများတွေကို အခကြေးငွေယူပြီးလိုက်ကူညီပေးတဲ့
Yorozuya အလုပ် လုပ်ပြီးအသက်မွေးဝမ်းကြောင်းပြုရင်းက အိမ်လခမပေးနိုင်တော့တဲ့အတွက်အပြင်ထွက်ပြီး အလုပ်ရှာရာကနေ
ဘယ်လိုအလွဲလွဲအချော်ချော်တွေနဲ့ ခွီနေရမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ

ခေါင်းဆောင်မင်းသား Sakata Gintoki နေရာမှာ ဂျပန်ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ မင်းသားကြီး Oguri Shun ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် အခြားအခြားသော နာမည်ကြီးသရုပ်ဆောင်တွေကိုလည်း တဝကြီးကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်

Anime ကြည့်ဖူးကြတဲ့ သူတွေအတွက်တော့အထွေအထူးပြောပြနေစရာ မလိုလောက်ပေမယ့်
Anime လုံးဝ မကြည့်ဖူးကြသူတွေကိုတောင်
ဒီLive Action Movie ကဖမ်းစားသွားနိုင်ပါတယ်

Historical , Action နဲ့ Comedy, Drama Type မျိုးဖြစ်ပြီး ကျွန်တော်ကြည့်ဖူးခဲ့သမျှ Live Action Movie တွေထဲမှာကို အားအရဆုံးတစ်ကားလည်းဖြစ်ပါတယ်

ရုပ်ရှင်အစပိုင်းမှာတော့ ပါးစပ်မပိတ်နိုင်အောင် အသေခွီနေရပြီးတော့ အလယ်ပိုင်းရောက်တဲ့ခါ အရမ်းမိုက်တဲ့ Action ခန်းတွေကို မျက်တောင်မခတ်ဘဲ ကြည့်ရှုရင်းကနေ မျက်လုံးထဲအကောင်ဝင်ပြီး ဇာတ်သိမ်းခါနီးမှာတော့ မျက်ရည်လည်ခဲ့ရတဲ့ ရသမျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်ဆိုရင်း နိဂုံးချုပ်လိုက်ပါတယ်

0 comments:

Post a Comment