The Sniper (2009)



Rating : 5.6/10
Country : China
Genre :  Action, Adventure, Crime
Cast : Richie Jen, Xiaoming Huang, Edison Chen 
Released Date : 2009
Duration : 1h 30min

အညွှန်း
လင်ကင်းရယ် ဟာ့မန်းဆိုတဲ့ လူနှစ်ယောက်ဟာ ဟောင်ကောင်ရဲတပ်ဖွဲ့မှသေနတ်ပစ်အတော်ဆုံး ထိပ်တန်း ရဲနှစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ လင်ကင်းဟာ ပြန်ပေးဆွဲမှုတစ်ခုမှာ ပြန်ပေးသမားကို ပြန်သတ်တဲ့အမှုနဲ့ စွပ်စွဲခံပြီးထောင်ကျသွားပါတယ် အဲ့ဒီစွပ်စွဲခံရမှုမှာ ဟာ့မန်းက သူ့ကိုသစ္စဖောက်တယ်လို့ အထင်မြင်မှားပြီး လက်စားချေဖို့မုန်းတီးနေပါတော့တယ် သူ့စိတ်ထဲမှာ တစ်ခုတည်းရှိနေတာက သူထောင်ကျရတဲ့ တရားခံတွေကို လက်စားချေဖို့ပါပဲ သူထောင်ကျနေစဉ်မှာပဲ အိုဂျေဆိုတဲ့လူသစ်ဟာ ဟာ့မန်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီး အရည်အချင်းကတော့ လင်ကင်းနီးပါးထူးချွှန်ပါတယ်
အိုဂျေဟာ လင်ကင်းရဲ့အကြောင်းက ပိုပြီးပိုပြီး စိတ်ဝင်စားလာပါတော့တယ် အဲ့အချိန်မှာ လင်ကင်းက ထောင်ကလွတ်လာပြီး လက်စားချေဖို့အတွက် စနစ်တကျပြင်ဆင်ပါတယ် ဟာ့မန်းကို လက်စားချေဖို့ သူ့ရန်သူတွေဖြစ်တဲ့ ထောင်န်တို့လူဆိုးအဖွဲနဲ့ပေါင်းလိုက်ပါတယ် လင်ကင်း ဟာ့မန်း နဲ့ အိုဂျေ တို့ သုံးယောက်ဆုံတဲ့အခါ အရည်အချင်းရှိတဲ့လူတွေကြားက ယှဉ်ပြိုင်မှုကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ ဒီဇာတ်ကားမှာ ချစ်ခြင်းမေတ္တာ မာနတရား တစ်ယူသန်မှုတွေအပြင် မိမိစိတ်ကို မထိန်းနိုင်တဲ့ တစ်ခဏတာအတွက် ဘဝတစ်ခုလုံးပေးဆပ်လိုက်ရတဲ့ သေနတ်ပစ်သမားတွေအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်

0 comments:

Post a Comment