The Fly (2012)



Rating : 7.7/10
Country : India
Genre :  Action, Fantasy 
Cast : Sudeep, Nani, Samantha Ruth Prabhu 
Released Date : 2012
Duration : 2h 25min

အညွှန်း
နာနီဆိုတဲ့ကောင်လေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကိုချစ်မိတဲ့အတွက်အသက်ဆုံးရှုံးရတဲ့ဇာတ်ကြောင်းအပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားခြင်းဖြစ်ပါတယ်.အဲ့မိန်းကလေးကလည်းသူ့ကိုပြန်ချစ်ပါတယ်
သူတို့ကြားထဲမှာအကြီးမားဆုံးအနှောက်အယှက်ကတော့ သူတို့မြို့ရဲ့နာမည်ကြီးလုပ်ငန်းရှင်သူဌေးတစ်ဦးက သူ့ကိုချစ်နေခြင်းသာဖြစ်ပါတယ် အဲ့ဒီသူဌေးရဲ့မနာလိုမှုကနေတဆင့် နာနီကိုဝိုင်းရိုက်ရာကနေ လက်လွန်ပြီး နာနီသေဆုံးခဲ့ရပါတယ် ဒီအကြောင်းတွေကိုမိန်းကလေးကမသိပါဘူးနောက်ပိုင်းမှာတော့ နာနီဟာ ယင်ကောင်တစ်ကောင်အဖြစ်ပြန်လည်မွေးဖွားလာပြီး သူ့ကိုသတ်တဲ့လူကိုဘယ်လိုလက်စားချေမလဲ..သူချစ်တဲ့မိန်းကလေးကိုဘယ်လိုကာကွယ်မလဲဆိုတာတွေနဲ့အတူ ဇာတ်လမ်းအရသာကိုကောင်းကောင်းခံစားလိုက်ပါ….ဘောလိဝုဒ်ထုံးစံအတိုင်းအကအခုန်သီချင်းတွေခံစားရမှာဖြစ်ပေမယ့် အနည်းငယ်သာပါ၀င်ပါတယ်..တချို့နေရာလေးတွေဟာသဆန်လို့သဘောကျမိမှာဖြစ်သလို ရင်နင့်သွားစေမယ့်ဇာတ်၀င်ခန်းလေးတွေလည်းပါ၀င်ပါတယ်..ရသမျိုးစုံပေးပြီး ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ကြောင်းအသိပေးလိုက်ပါတယ်

0 comments:

Post a Comment