The Doll Master (2004)

Rating : 5.7/10
Country : Korea
Genre :  Horror, Thriller 
Cast : Yu-mi Kim, Eun-kyeong Lim, Hyung Tak Shim 
Released Date : 2004
Duration : 1h 30min

 အရုပ်သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်တစ်ခါက ကီမိုနိုဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ကိုချစ်သွားတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်
အဲ့မိန်းကလေးအတွက် သူနဲ့တူတဲ့အရုပ်လေးတစ်ယောက်ကို ဖန်တီးပေးခဲ့တယ်
ဖြစ်ချင်တော့ အဲ့အရုပ်လေးက အဲ့ကောင်လေးကိုချစ်နေခဲ့ပါတယ်…တနေ့မှာ ထူးဆန်းစွာနဲ့ကောင်မလေးသေသွားခဲ့ပြီးတော့ ကောင်လေးကတော့ လူသတ်သမားအဖြစ်ထောင်ကျခဲ့ရတယ်
အဲ့လိုနဲ့ အရုပ်လေးဟာ သူချစ်ရတဲ့ကောင်လေးအနားမှာပဲ အဖော်ပြုသွားတော့တယ်…နှစ် ၆၀ ကြာပြီးနောက်တော့ ပြတိုက်တစ်ခုကိုလူငါးယောက်ရောက်လာကြပါတယ်
အဲ့ပြတိုက်က အရုပ်တွေကိုဖန်တီးတဲ့ပြတိုက်ပေါ့ ။
အဲ့ကိုရောက်လာတဲ့လူတွေက အရုပ်အတွက် model လုပ်ပေးဖို့ရောက်လာကြတာပါ
ဖြစ်ချင်တော့ ထူးဆန်းတာက သူတို့ငါးယောက်လုံးရဲ့ မွေးရပ်မြေက တူတူပဲဖြစ်နေတယ်ဆိုတာပဲ ။ဒီတော့ သူတို့ငါးယောက်လုံးကရော ဘယ်သူတွေလဲ
မိန်းကလေးကရော ဘာလို့အသတ်ခံလိုက်ရတာလဲ
အဲ့ပြတိုက်မှာရော ဘယ်လိုထူးဆန်းမှုတွေရှိနေမလဲ
အရုပ်ကရော ဘယ်ရောက်သွားတာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုရမှာပါ ။
အဲ့အပြင်ကိုမှ သနားဖို့ကောင်းတဲ့ အရုပ်မချောချောလေးရဲ့ ဇာတ်လမ်းလေးကိုလည်းမြှုပ်ထားတာမို့ ကြည့်ဖြစ်အောင်ကြည့်ကြပါဦး…။

0 comments:

Post a Comment