The Cat (2011)



Rating : 5.8/10
Country : Korea
Genre :  Drama, Horror, Mystery
Cast : Dong-wook Kim, Ye-ron Kim, Min-Jae Kim 
Released Date : 2011
Duration : 1h 46min

ဒီဇာတ်ကားထဲမှာတို့ ပရိတ်သတ်တို့ရဲ့ အချစ်တော် မင်းသမီးလေး Park Min Young က ဆိုယွန်း ဆိုတဲ့ ဇာတ်ကောင်နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းဆိုယွန်းက ပိတ်လှောင်မှုကို ကြောက်ရွံတဲ့ ရောဂါရှိတာကြောင့် ကုသမှုခံယူနေရတာပါ ၊သူမက ကြောင်လေးတွေကို ချစ်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး pet shop တစ်ခုမှာ အလုပ်လုပ်ကိုင်ပါတယ် ၊
တစ်ရက်မှာတော့ သူတို့ဆိုင်နားက တိုက်ခန်းမှာနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကြောင်ကို ပြင်ဆင်ပေးရင်းနဲ့
မှန်ထဲမှာ ဆံပင်ကုတ်ဝဲလေးနဲ့ ကလေမလေး တစ်ယောက်ကို သူမ မြင်လိုက်ရပါတယ် ၊အဲ့နောက် ကြောင်ကိုပြန်လာခေါ်သွားတဲ့ ကြောင်ပိုင်ရှင်လည်း ဓာတ်လှေကားထဲမှာသေဆုံးနေခဲ့ပါတယ် ၊နောက်ရက်တွေ သိပ်မကြာမီမှာပဲ ကြောင်တစ်ကောင်ကို မွေးစားမိတဲ့ ဆိုယွန်းရဲ့ သူငယ်ချင်းလည်း သူမ ကြောင်ရဲ့ဘေးမှာ ဆံပင်ကုတ်ဝဲနဲ့ ကလေးမလေးကို မြင်ပြီးနောက် ထပ်မံသေဆုံးသွားခဲ့ပါတယ် ။ဒီကြောင်တွေကို မွေးစားမိတဲ့ လူတွေဟာ အသက်အန္တရာယ်တွေ ဆက်တိုက် ကြုံနေရတာကြောင့် လူတွေက ဒီကြောင်တွေက ကျိန်စာသင့်နေတာလို့ ထင်နေကြပါတယ် ။ကြောင်တွေက တကယ်ပဲ ကျိန်စာသင့်နေတာလား…
ကြောင်တွေဘေးနားက ကလေးမလေးကရော ဘယ်သူဖြစ်မလဲ…
ဘာလို့ ဒီကြောင်တွေနားမှာ တွယ်ကပ်နေတာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်…

0 comments:

Post a Comment